• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဥရောပကောင်စီ ဥက္ကဋ္ဌ တူစ်ခ်၊ ဥရောပသမဂ္ဂကော်မတီ ဥက္ကဋ္ဌ ဂျွန်းကယ်နှင့် တွေ့ဆုံ

(GMT+08:00) 2018-07-17 15:23:43

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဇူလိုင်လ ၁၆ရက်နေ့က ပီကင်းမြို့ တျောက်ယွီထိုင် ဧည့်ဂေဟာ၌ တရုတ်ပြည်တွင် ၂၀ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ဥရောပကောင်စီ ဥက္ကဋ္ဌ တူစ်ခ်၊ ဥရောပသမဂ္ဂကော်မတီ ဥက္ကဋ္ဌ ဂျွန်းကယ်တို့နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်း အရ သိရပါသည်။

အပြန်အလှန်လေးစားပြီး တရားမျှတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေး အခြေခံပေါ်၍ တရုတ်နိုင်ငံအနေနှင့် ဥရောပသမဂ္ဂနှင့်အတူ တရုတ်-ဥရောပ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တိုးဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိုကြောင်း ရှီကျင့်ဖိန် က ပြောကြားခဲ့ပါသည်။

   Webradio