• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ခု၏ ပင်လုံညီလာခံ အစီအစဉ် ပြီးစီး

(GMT+08:00) 2018-07-15 12:15:57

    မြန်မာ နိုင်ငံ တတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး- (၂၁)ရာစု ပင်လုံ ညီလာခံ ကို ယခုလ ၁၁ရက်နေ့မှ ၁၆ရက်နေ့အထိ မြန်မာ နိုင်ငံ နေပြည်တော်တွင် ကျင်းပနေကြောင်း စီအာအိုင် သတင်းအရ သိရသည်။

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်တွင် လက်မှတ်မရေးထိုးရသေးသော မြန်မာ နိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ခုသည် ဖိတ်ကြားချက်အရ ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ယခုလ ၁၄ရက်နေ့က နေပြည်ထောင်မှ ထွက်ခွါခဲ့ကြောင်း၊ ညီလာခံ ကျင်းပစဉ် အတောအတွင်း ယင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ခုသည် မြန်မာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အသီးသီး တွေ့ဆုံဆွေးနွေးပြီး ၄င်းတို့၏ တောင်းဆိုချက်များကို ကိုယ်စီတင်ပြပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်နှင့် ပတ်သက်၍ အမြင်သဘောများကို ဖော်ပြခဲ့ကြောင်း၊ ၄င်းတို့ စာချုပ်တွင် လက်မှတ်ရေးထိုးရန် သဘောမတူသေး သော်လည်း သက်ဆိုင်ရာ ဘက်အသီးသီးတို့သည် မြန်မာ နိုင်ငံတွင် ရေရှည် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရန် တက်ကြွစွာ အားထုတ်ကြိုးပမ်းမြဲရှိနေကြကြောင်း သိရသည်။

   Webradio