• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လိုဏ်ဂူတွင် ပိတ်မိနေသော လူငယ် ဘောလုံးကစားသမား ပထမအသုတ် ၄ယောက်ကို ကယ်ဆယ်နိုင်ခဲ့ဟု ထိုင်းအစိုးရဆို

(GMT+08:00) 2018-07-09 14:43:00

ယခုလ ၈ရက်နေ့ညက ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး နာရုံစတ်က ကယ်ဆယ်ရေး အဖွဲ့သည် ထိုနေ့က လိုဏ်ဂူတစ်ခုတွင် ပိတ်မိနေသော လူငယ် ဘောလုံးကစားသမား ပထမအသုတ် ၄ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ၄င်း၎ယောက်ကို ချင်းရိုင် ဒေသခံ ဆေးရုံသို့ ကုသမှု ခံယူရန် ပို့ဆောင်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

နာရုံစတ်က ၈ရက်နေ့သည် ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ရန် အတွက် အခြေအနေ အားလုံး အကောင်းဆုံးရက် ဖြစ်ကြောင်း၊ ရာသီဥတု ကောင်းသလို လူငယ် ဘောလုံးကစားသမားများ၏ ကျန်းမာရေး အခြေအနေလည်း ကောင်းမွန်ကြောင်း၊ လိုဏ်ဂူတွင် ရေကြီးမှုသည် လွန်ခဲ့သည့် ၄-၅ရက်အတွင်း အနိမ့်ဆုံး ဖြစ်ကြောင်း၊ လာမည့် ၃-၄ရက်အတွင်း ပိုမိုသည်းထန်စွာ မိုးရွာမည်ဖြစ်၍ ကယ်ဆယ်ရေး လုပ်ငန်း အတွက် အခက်အခဲသစ်များ ဆောင်ကြဉ်းလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စောင့်ကြည့်၍ မရကြောင်း ပြောကြားသည်။

ကယ်ဆယ်မှုကို ၈ရက်နေ့ နံနက် ၁၀နာရီခန့်အချိန်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်နိုင်ခဲ့ကြောင်း၊ ဒုတိယ အသုတ် လူငယ်များအား ကယ်ဆယ်ခြင်းကို လာမည့် နာရီ ၂၀အတွင်း စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ သို့သော် ၄င်းတို့၏ ကျန်းမာရေး အခြေအနေ အပေါ်တွင် မူတည်ကြောင်း နာရုံစတ်က ပြောကြားသည်။

ထို့အပြင်၊ ၄င်းက နိုင်ငံခြားမှ လိုဏ်ဂူ ရေငုပ်ကျွမ်းကျင်သူ ၁၃ဦး၊ ထိုင်းနိုင်ငံ SEAL ကွန်မင်ဒိုတပ်သား ၅ဦးနှင့် ရေငုပ်သမား ၉၀ဦးတို့သည် ၈ရက်နေ့ နံနက်ပိုင်းက ကယ်ဆယ်မှုကို လက်တွဲ ဆောင်ရွက်ခဲ့ကြကြောင်း၊ ပြောကြားသည်။

   Webradio