• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နာဂျစ်ဘ်သည် တရားရုံးမှ စွပ်စွဲချက်ခံရ

(GMT+08:00) 2018-07-05 14:55:15

ကွာလာလန်ပူ တရားရုံးသည် မလေးရှား နိုင်ငံ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို လာဘ်ယူမှု အပါအဝင် ပြစ်မှုများ ကျူးလွန်သည်ဟု ယခုလ ၄ရက်နေ့က စွပ်စွဲခဲ့ကြောင်း၊ နာဂျစ်ဘ်သည် မလေးရှားတွင် စွပ်စွဲချက် ခံရသည့် ပထမဆုံး ဝန်ကြီးချုပ်ဟောင်း ဖြစ်ကြောင်း၊ ၄င်းသည် စွပ်စွဲချက် အားလုံးကို ငြင်းပယ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

တရားရေး ရှုထောင့်မှ ကြည့်လျှင် နာဂျစ်၏ မှုခင်းကို တိုတောင်းသည့် အချိန်တွင် အပြီးမသတ်နိုင်ဘဲ အချိန် ရှည်ကြာစွာ စစ်ဆေးစီရင်မည် ဖြစ်ကြောင်း၊ အခြားရှုထောင့်မှ ကြည့်လျှင် ၄င်းမှုခင်းသည် မလေးရှား နိုင်ငံရေးနှင့် စီးပွားရေး စသည့် နယ်ပယ်များ အပေါ် နက်ရှိုင်းရှည်ကြာသော ဂယက်ရိုက်ခတ်မှု ရှိနိုင်ဖွယ်ရာရှိပြီး နက်ရှိုင်းသော ထိန်းညိမှု ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်းလည်း အကဲခတ်များက ယူဆကြသည်။

 

   Webradio