• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပြည်လုံးဆိုင်ရာ ကေဒါရေးရာ အစည်းအဝေးတွင် မိန့်ခွန်း ပြောကြား

(GMT+08:00) 2018-07-05 09:23:25

တရုတ် ပြည်လုံးဆိုင်ရာ ကေဒါရေးရာ အစည်းအဝေးကို ယခုလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ပီကင်း၌ ကျင်းပခဲ့ရာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က၊ တရုတ် ထူးခြားချက် ဝိသေသ ဆိုရှယ်လစ်သည် ခေတ်သစ်သို့ ဝင်ရောက်ပြီ ဖြစ်ကြောင်း၊ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အရေးတော်ပုံကို စွဲစွဲမြဲမြဲ တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပါတီ တည်ဆောက်ရေး လုပ်ငန်း၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ် ရမည် ဖြစ်ကြောင်း၊ ခေတ်သစ်တွင် ပါတီ၏ ကေဒါရေးရာ လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည် ဖေါ်ဆောင်ရမည် ဖြစ်ပြီး ပါတီ ပိုမို အင်အား တောင့်တင်းလာအောင် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio