• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပိုမိုများပြားသော ရုပ်ရှင်လောကသားမျိုးဆက် သစ်များကို မြင်လိုဟု မြန်မာ ဒါရိုက်တာ Midi Zဆို

(GMT+08:00) 2018-06-22 16:49:11

ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် အာရှ ရုပ်ရှင်လောကပါရမီဆု(Asian New Talent Award)အကဲဖြတ်များသည် ယခုလ ၁၈ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံပွဲကို ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

အကဲဖြတ် ၅ဦးတွင် တစ်ဦး အပါအဝင် ဖြစ်သည့် မြန်မာ ဒါရိုက်တာ Midi Zက တွေ့ဆုံပွဲသို့ တက်ရောက်ရာတွင် ယခုအကြိမ် ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပိုမိုများပြားသော ရုပ်ရှင်လောကသားမျိုးဆက်သစ်များကို တွေ့ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

Midi Zသည် မြန်မာနိုင်ငံတွင် မွေးဖွားသည့် တရုတ် အနွယ်ဖွား ဖြစ်ကြောင်း၊ တရုတ်ပြည် ထိုင်ဝမ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးကြောင်း၊ ယခုအကြိမ်သည် ၄င်းအနေနှင့် ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၏ အကဲဖြတ် တာဝန်ကို ဒုတိယ အကြိမ် အဖြစ် ထမ်းဆောင်နေကြောင်း သိရသည်။

Midi Zက အာရှ ရုပ်ရှင်လောကပါရမီဆု(Asian New Talent Award) အကဲဖြတ် တစ်ဦး အနေနှင့် မိမိသည် ရုပ်ရှပ်၏ ဒေသတွင်း ဆိုင်ရာ ထူးခြားချက်များကို အလွန် အလေးထားကြောင်း၊ နောင်အခါတွင် မိမိသည် တရုတ်နှင့် အရှေ့တောင်အာရှနှင့် ပတ်သက်၍ ရုပ်ရှင်ကားများကို ရိုက်ကူးသွားမည် ဖြစ်ကြောင်း၊ တရုတ်ရုပ်ရှင်ဈေးကွက် အလွန်ကြီးမားကြောင်း၊ တရုတ်နှင့် အရှေ့တောင်အာရှတို့သည် နီးစပ်သော ယဉ်ကျေးမှု ရှိပြီး အပြန်အလှန် နားလန်ရန် လွယ်ကူကြောင်း ပြောကြားသည်။

   Webradio