• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ ကမ္ဘာ့ CEO ကောင်စီအထူးစားပွဲဝိုင်းအစည်းအဝေးသို့ တက်ရောက်နေသည့် နိုင်ငံခြားကိုယ်စားလှယ်များနှင့် တွေ့ဆုံ

(GMT+08:00) 2018-06-22 10:42:42

     တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၂၁ ရက်နေ့က ပီကင်း တျောက်ယွီထိုင်-နိုင်ငံတော်ဧည့်ဂေဟာ၌၊ ကမ္ဘာ့ CEO ကောင်စီ အထူးစားပွဲဝိုင်း အစည်းအဝေးသို့ တက်ရောက်နေသည့် နာမည်ကြီး နိုင်ငံတကာလုပ်ငန်းကုမ္ပဏီများ၏ တာဝန်ခံတို့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည့်အပြင်၊ ၄င်းတို့နှင့် တိုင်ပင်ဆွေးနွေး၊ နှီးနှောဖလှယ် ခဲ့ကြကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

အစည်းအဝေးတက်ရောက်သည့် နိုင်ငံခြားလုပ်ငန်းရှင်များသည်၊ တံခါးဖွင့်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အတူအကျိုးအမြတ်ရရှိစေရေးတို့နှင့် စပ်လျဉ်း၍၊ Belt and Road၊ ဆန်းသစ်တီထွင်မှု၊ မြတ်စိမ်းရောင်ဖွံ့ဖြိုးရေးနှင့် ကမ္ဘာ့စီမံခန့်ခွဲရေးစသည့် အကြောင်းအရာ များနှင့် စပ်လျဉ်း၍ မိမိထင်မြင်ယူဆချက်များကို ဖော်ပြခဲ့ကြသည်။ ရှိကျင့်ဖိန်သည်၊ ၄င်းတို့၏ဆွေးနွေးပြောကြားချက်များကို    ရုစိုက် နားထောင်သည့် အပြင်၊ ၄င်းတို့၏ ထင်မြင်ချက်နှင့် အကြံပေးချက်များကိုလည်း တစ်ခုစီ အလေးအနက်  ပြန်လည်ဖြေကြားခဲ့သည် ဟု သတင်အရသိရသည်။

   Webradio