• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်ကို လက်တွေ့ကျကျ ဖေါ်ဆောင်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-06-15 10:25:59

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ချင်းတောင် ထိပ်သီး အစည်းအဝေးသို့ တက်ရောက် ပြီးနောက်၊ ချင်းတောင်၊ ဝေးဟိုင်၊ ယန်ထိုင်၊ ကြည်နန် စသည့် ဒေသများသို့ သွားရောက် လည်ပတ် ကြည့်ရှုရာ၌ ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်ကို လက်တွေ့ကျကျ ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ယခုလ ၁၄ ရက်နေ့ နံနက်ပိုင်းက ရှီကျင့်ဖိန်သည် စန်းတုံးပြည်နယ် ကြည်နန်မြို့ရှိ အဆင့်မြင့် သိပံ္ပနည်းပညာဇုန်၌ လုပ်ငန်း စစ်ရေး ကြည့်ရှုရာတွင်၊ ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံကို ဆန်းသစ်တီထွင်ရေး အပေါ် ထားရှိရမည် ဖြစ်ကြောင်း မှာကြားပါသည်။

၁၄ ရက်နေ့ ညနေပိုင်း စန်းတုံးပြည်နယ် အစိုးရ၏ လုပ်ငန်း အစီရင်ခံစာကို ကြားနာ ရာ၌ ရှီကျင့်ဖိန်က၊ ပြည်သူလူထု၏ နေထိုင်မှုဘဝ တိုးမြှင့်ရေးသည် ဖွံ့ဖြိုးတိုးတက်ရေး၏ အရင်းခံ ရည်မှန်းချက် ဖြစ်ကြောင်း အလေးအနက် ပြောကြားပါသည်။

   Webradio