• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်တံခါးဖွင့်ပြုပြင်ပြောင်းလဲသည့် နှစ်(၄၀)အတွင်းရရှိခဲ့သည့်အောင်မြင်မှုများကို အီရန်ပညာရှင်များ ချီးကျူး

(GMT+08:00) 2018-06-12 12:57:28

၂၀၁၈ခုနှစ်သည် တရုတ်ပြည် တံခါးဖွင့်ပြုပြင်ပြောင်းလဲမှု ကျင့်သုံးသည့် နှစ်(၄၀)ပြည့် နှစ်ဖြစ်သည်။ အီရန်ပညာရှင်များသည် မကြာခင်က စီအာအိုင်သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်ပြည် တံခါးဖွင့်ပြုပြင်ပြောင်းလဲမှု ကျင့်သုံးသည့် နှစ်(၄၀)အတွင်း ရရှိခဲ့သော အောင်မြင်မှုများအပေါ် ကမ္ဘာကြီးအံ့သြချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးလမ်းကြောင်းသည် တရုတ်နိုင်ငံ၏ အခြေအနေ၊ ယဉ်ကျေးမှုနှင့် ကိုက်ညီကြောင်း ပြောကြားသည်။

တီဟီရန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပါမောက္ခ ရှာဟန်းဒ်သည် Cambridge တက္ကသိုလ် အရှေ့အာရှရေးရာပညာဒေါက်တာဖြစ်ပြီး (၃၅)နှစ်အတွင်း တရုတ်ရေးရာ သုတေသနကို ပြုလုပ်မြဲပြုလုပ်နေသည်။ ၄င်းက တံခါးဖွင့်ပြုပြင်ပြောင်းလဲသည့် နှစ်(၄၀)အတွင်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးအောင်မြင်မှု အထူးသဖြင့် ဆင်းရဲမှုပပျောက်ရေးဘက်မှ ရရှိခဲ့သော တိုးတက်မှုမှာ ကမ္ဘာကြီးမှ အာရုံစူးစိုက်မှု ရရှိနေသည်ဟု ပြောကြားသည်။

   Webradio