• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကာဇက်စတန် သမ္မတနှင့် တွေ့ဆုံ

(GMT+08:00) 2018-06-08 12:54:45

ဇွန်လ ၇ရက်နေ့က ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကာဇက်စတန် သမ္မတ နာဇာဘာအက်ဖ်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် တရုတ်၊ကာဇက်စတန် အစဉ်အလာချစ်ကြည်ရေးကို ခိုင်မာစေပြီး အမျိုးသား ဖွံ့ဖြိုးတိုးတက်ခြင်းလမ်းကြောင်းပေါ် လက်တွဲချီတက်ကြရန် အတူတကွ ဆုံးဖြတ်ကြ ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ကာဇက်စတန် သမ္မတနိုင်ငံ ပူးတွဲကြေညာချက်ကို အတူတကွ လက်မှတ်ရေးထိုးကြသည့် အပြင် နှစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်များ လက်မှတ် ရေးထိုးပွဲသို့လည်း တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio