• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ ရှေးဟောင်းမြို့ ဖွံ့ဖြိုးရေး အတွက် တရုတ် ငွေလှူဒါန်း

(GMT+08:00) 2018-06-05 15:44:51

မြန်မာ နိုင်ငံ အနောက်မြောက်ပိုင်း ရခိုင်ပြည်နယ် ရှေးဟောင်းမြို့ မြောက်ဦး၏ ကျေးလက်ဒေသ တံတားဆောက်လုပ်ရေး အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးသည် ယခုလ ၄ရက်နေ့က မြန်မာ ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်းထံ အလှူငွေများ ပေးအပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ်ဘက်က ရခိုင်ပြည်နယ် လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ကူညီပံ့ပိုးခြင်းဖြင့် ဒေသခံများ ရင်ဆိုင်နေရသော ပြဿနာများ ဖြေရှင်းရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်က ထိုနေ့က ကျင်းပခဲ့သော အလှူငွေ ပေးအပ်ခြင်း အခမ်းအနားတွင် ယခုအကြိမ် လှူဒါန်းသည့် မြန်မာ ကျပ်ငွေ သန်း ၂၀ဖြင့် မြောက်ဦး ကျေးလက် ဒေသရှိ တံတား ၂စင်း ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ သံအမတ်ကြီး ဟုန်လျန့်က မြောက်ဦးသည် မြန်မာနိုင်ငံတွင် အရေးကြီးသည့် ယဉ်ကျေးမှု ရှေးဟောင်းမြို့  ဖြစ်ပြီး ရခိုင်ပြည်နယ်၏ ယဉ်ကျေးမှု ပုလဲလည်း ဖြစ်ကြောင်း၊ မြောက်ဦး ဖွံ့ဖြိုးတိုးတက်ခြင်းသည် ရခိုင်ပြည်နယ် တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးသည့် အနက်အဓိပ္ပါယ်ရှိကြောင်း၊ မြောက်ဦး ဖွံ့ဖြိုးတိုးတက်လာနိုင်လျှင် လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

 

   Webradio