• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက် ဇောက်ချပြုလုပ်လိုဟု တရုတ်ဆို

(GMT+08:00) 2018-06-02 12:06:49

    တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွန်းယင်က ယခုလ ၁ရက်နေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်ပြည် အနေနှင့် အာဆီယံ၏ အခန်းကဏ္ဍနှင့် တရုတ်-အာဆီယံ ဆက်ဆံရေး အပေါ် အလွန် အလေးထားကြောင်း၊ တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် ၁၅နှစ်ပြည့်မြောက်နှစ် ကို အခွင့်ကောင်း အဖြစ် လက်မလွှတ်ဘဲ နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု မဏ္ဍိုင်ကျသည့် နယ်ပယ်၃ခုတွင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ဇောက်ချပြုလုပ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြု စွမ်းဆောင်မှုသစ်များကို ပြုလုပ်လိုကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

   Webradio