• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"မိတ်ဆွေကြီး" ရှီကျင့်ဖိန်နဲ့ ပြည်တွင်းပြည်ပမှ မိတ်ဆွေငယ်တို့ရဲ့ နွေးထွေးသော ပုံပြင် ၉ ခု

(GMT+08:00) 2018-05-31 11:11:42

   ဇွန်လ ၁ ရက်နေ့ဟာ နိုင်ငံတကာ ကလေးများနေ့ ဖြစ်ပါတယ်။ ဒါဟာ မိတ်ဆွေငယ် ကလေးများရဲ့ ရက်ထူးရက်မြတ်ပဲ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ အဲဒီလို"မိတ်ဆွေကြီး" တစ်ဦး ရှိတယ်။ သူဟာ "မိတ်ဆွေကြီး" အမည်နဲ့ တစ်ပြည်လုံးမှ မိတ်ဆွေငယ် ကလေးများအား ကလေးများနေ့ ပျော်ရွှင်ပါစေလို့ ဆုတောင်းခဲ့ဖူးပါတယ်။ အဲဒီ "မိတ်ဆွေကြီး" ကတော့ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ဖြစ်ပါတယ်။

 

ပုံပြင် ၁။ ။ သမီးလေးကို ချစ်မြတ်နိုးသော ဖခင်ကောင်း

ရှီကျင့်ဖိန် ရုံးခန်းရဲ့ စာအုပ်စင်ပေါ်မှာ သမီးလေးနဲ့ အတူ ရိုက်ကူးထားတဲ့ ဓါတ်ပုံ တစ်ပုံ ရှိပါတယ်။ ဓါတ်ပုံထဲမှာ ရှီကျင့်ဖိန်ဟာ စက်ဘီး စီးပြီး သမီးလေးနှင့်အတူ ကစား နေကြပါတယ်။

 

ပုံပြင် ၂။ ။ ဘွားဘွားရှီ ရှက်တတ်တယ်

၂၀၁၄ ခုနှစ်က ရှီကျင့်ဖိန်ဟာ ဖူကျိုးမြို့ လူနေရပ်ကွက် တစ်ခုမှာ ကလေးငယ် ၁၀ ဦး ကျော်နဲ့ ထွေရာလေးပါး ပြောခဲ့ကြတယ်။ ဒီ့နောက်မှာ မိန်းကလေး တစ်ဦးက ဘွားဘွားရှီိဟာ ရှက်တတ်တယ်လို့ သူမရဲ့ ဒိုင်ယာရီ ထဲမှာ ရေးထားတယ်။ ရှီကျင့်ဖိန်ဟာ ကလေးများနဲ့ အထူး ရေစက်ပါတဲ့သူ တစ်ဦး ပါပဲ။

 

ပုံပြင် ၃။ ။ ကလေးငယ်များအား စာရေးပေး

ကျဲ့ကျန်းပြည်နယ် ထိုင်ကျိုမြို့က မူလတန်းကျောင်းသူကျောင်းသား ၁၂ ဦးဟာ ရှီကျင့်ဖိန်အား စာတစ်စောင် ရေးပေးခဲ့တယ်။ ရှီကျင့်ဖိန်ဟာ စာပြန်ပြီး မိတ်ဆွေငယ် ကလေးများကို အမှာစကားပြော အားပေးပါတယ်။ ကလေးများက အဲဒါဟာ အကောင်းဆုံးသော ကလေးများနေ့ လက်ဆောင်ပါလို့ ပျော်ရွှင်အားရစွာ ပြောကြပါတယ်။

 

ပုံပြင် ၄။ ။ ပထမ အသုတ် ရှေ့ပြေးလူငယ်အဖွဲ့မှာ မပါဝင်ဖြစ်လို့ ငိုခဲ့ဖူးတယ်

ငယ်ငယ်တုန်းက ပီကင်း ဟိုင်တျဲန့် တိုင်းရင်းသား မူလတန်းကျောင်းမှာ ရှီကျင့်ဖိန်ဟာ ပထမ အသုတ် ရှေ့ပြေးလူငယ်များအဖွဲ့မှာ မပါဝင် ဖြစ်လို့ ငိုခဲ့ဖူးတယ်။

 

ပုံပြင် ၅။ ။ ဘေးသင့်ဒေသက ကလေးများကို လွမ်းဆွတ် စိုးရိမ်တယ်

စီချွမ်းပြည်နယ် လူစမ်းမြို့မှာ ရစ်ခ်ျတာစကေး ၇ အဆင့် ငလျင်ဘေးကြီး ဖြစ်ပွါးခဲ့စဉ်က ရှီကျင့်ဖိန်ဟာ ဘေးသင့် ကလေးများကို လွမ်းဆွတ် စိုးရိမ်နေတယ်။ ဘေးသင့် ဒေသကို သွားရောက်တဲ့အခါ ကလေးများကို တမင်သက်သက် ကြည့်ရှုအားပေးခဲ့တယ်။ အသက် ၁ နှစ်ခွဲသာ ဖြစ်တဲ့ ကလေးငယ် လို့ကျွင့်ဟာ ရှီကျင့်ဖိန်ကို တွေ့တဲ့အခါ ရှီကျင့်ဖိန်ကို နမ်းပြီး ဘွားဘွားလို့ ခေါ်လိုက်တယ်။ ရှီကျင့်ဖိန်ကလဲ အဲဒီ ချစ်စရာ ကောင်းတဲ့ ကလေးကို အနမ်းလေး ပေးခဲ့ပါတယ်။

 

ပုံပြင် ၆။ ။ သြစတြေးလျ ကလေးများနဲ့ ရေစက်

၂၀၁၄ ခုနှစ်က သြစတြေးလျ တာစမာနီယာ ပြည်နယ်က မူလတန်း ကျောင်းသူ ကျောင်းသား ၁၆ ဦးတို့ဟာ ရှီကျင့်ဖိန်နဲ့ ဇနီးတို့အား စာ တစ်စောင် ရေးပေးပြီး ဒေသခံ တိရစ္ဆာန်၊ ရုက္ခပင်နဲ့ ရှုခင်းသာများကို မိတ်ဆက်ပေးခဲ့တယ်။ ဒီ့နောက်မှာ အဲဒီ ကလေးတို့ဟာ ရှီကျင့်ဖိန်နဲ့ ဇနီးတို့အား ကြိုဆိုပွဲ အခမ်းအနားမှာ ပါဝင်ခဲ့ကြပါတယ်။

 

ပုံပြင် ၇။ ။ "မိတ်ဆွေကြီး"ဟာ ဘောလုံး ဝါသနာအိုး ဖြစ်တယ်

     "မိတ်ဆွေကြီး" ရှီကျင့်ဖိန်ဟာ စူပါ ဘောလုံး ဝါသနာအိုး တစ်ဦး ဖြစ်တယ်။ ၂၀၁၄ ခုနှစ်က ဂျာမဏီသို့ ခရီးလှည့်လည်စဉ်က ရှီကျင့်ဖိန်ဟာ ဘာလင်းမြို့ အိုလံပစ် အားကစားကွင်းမှာ လေ့ကျင့်မှု ပြုလုပ်နေတဲ့ ကလေးသူငယ် ဘောလုံး အသင်းဝင်များအား ကြည့်ရှု အားပေးခဲ့ပါတယ်။

 

ပုံပြင် ၈။ ။ ပါကစ္စတန် မူလတန်း ကျောင်းသားများ ကြော်ငြာ လုပ်ပြီး ရှီကျင့်ဖိန်အား ကြိုဆိုတယ်

ပါကစ္စတန်မှာ ရှီကျင့်ဖိန်ရဲ့ ဖန်တော်တော်များများ ရှိပါတယ်။ ၂၀၁၅ ခုနှစ်က ရှီကျင့်ဖိန်က ပါကစ္စတန် နိုင်ငံသို့ ခရီးလှည့်လည်မှာ ဖြစ်တဲ့ သတင်းကို ကြားရ ပြီးနောက် ဖန် ကလေးများဟာ ဒေသခံ အကြီးစား သတင်းစာရဲ့ ခေါင်းကြီးနေရာမှာ ကြော်ငြာ လုပ်ပြီး တရုတ် လက်ရေးလှနဲ့ ပန်းချီများနဲ့ ရှီကျင့်ဖိန်ကို ကြိုဆိုပါတယ်။

 

ပုံပြင် ၉။ ။ သိပံ္ပပညာရှင် လုပ်ဘို့ဟာ တရုတ် ကလေး ဒုနဲ့ဒေးရဲ့ အိပ်မက် ဖြစ်တယ်

    မကြာခင်က တရုတ် သိပံ္ပပညာ တံခွန်အသင်းကြီးမှ သုတေသီနဲ့ တရုတ် အင်ဂျင်နီယာ တံခွန် အသင်းကြီးမှ သုသေသီများ အစည်းအဝေးမှာ ရှီကျင့်ဖိန်က၊ သိပံ္ပပညာရှင် လုပ်ဘို့ဟာ တရုတ် ကလေး ဒုနဲ့ဒေးရဲ့ အိပ်မက် ဖြစ်တယ်လို့ ပြောတယ်။

   Webradio