• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကွမ်တုံးပြည်နယ်၏ ကုန်စည်စီးဆင်းမှုလုပ်ငန်း ပြုပြင်ပြောင်းလဲရေး

(GMT+08:00) 2018-05-31 09:34:25

တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ်သည် ကုန်စည်စီးဆင်းမှု ကုန်ကျစရိတ် လျော့နည်း စေရန်အတွက် နည်းလမ်းများ ကျင့်သုံးနေပါသည်။ ကုန်စည်စီးဆင်းမှု လုပ်ငန်းနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံလိုပါက အင်တာနက်၌ သက်ဆိုင်ရာ လျှောက်လွှာတင်၊ စိစစ် အတည်ပြုရေး အစီအစဉ်များကို လုပ်ဆောင်နိုင်ပါသည်။ ထို့ပြင် ကွမ်တုံးပြည်နယ်သည် Belt and Road တလျှောက်မှ နိုင်ငံများနှင့် ဆက်နွှယ်ထားသော နိုင်ငံတကာ ကုန်စည်စီးဆင်းမှု လမ်းကြောင်းကို တိုးချဲ့ တည်ထောင်နေပါသည်။ ယင်းသည် လုပ်ငန်းကုမ္ပဏီများ၏ ကုန်စည်စီးဆင်းမှုဆိုင်ရာ အချိန် များစွာ သက်သာ လာစေပါသည်။

ထို့ပြင် ကွမ်တုံးပြည်နယ်သည် စီးပွါးရေး ထောက်ပံ့ရေး မူဝါဒ ၁၀ ခုကိုလည်း ထုတ်ပြန်ပြီး ကုန်စည်စီးဆင်းမှုဆိုင်ရာ စရိတ် ကောက်ယူမှု စံချိန်ကိုက်လာအောင် လုပ်ဆောင် နေသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio