• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကွမ်တုန်းပြည်နယ်၏ ကုန်ထုတ်လုပ်မှု အဆင့်မြှင့်တင်ရေး

(GMT+08:00) 2018-05-30 09:40:47

ကွမ်တုန်းပြည်နယ် ဖိုရှမ်း၊ တုန်းကွမ် စသည့်မြို့မှ ကုန်ထုတ်လုပ်မှု စခန်းများသည် ကုန်ထုတ်လုပ်မှု ပြုပြင်ပြောင်းလဲရေးနှင့် အဆင့်မြှင့်တင်ရေးကို အလေးထား ဆောင်ရွက် နေပြီး၊ စက်မှု ဒီဇိုင်းရေးဆွဲခြင်း၊ စက်ရုပ် သုတေသနပြု ထုတ်လုပ်ခြင်းနှင့် အချက်အလက် နည်းပညာ စသည့် အဆင့်မြင့် သိပံ္ပနည်းပညာ လုပ်ငန်းနယ်ပယ်များကို တွန်းအား ပေးနေပါသည်။

ကွမ်တုန်း စက်မှု ဒီဇိုင်းရေးဆွဲရေး အထူးဖွံ့ဖြိုးရေးဇုန် ထားရှိခဲ့သည့် ၁၀ နှစ်ကျော် အတွင်း လုပ်ငန်းကုမ္ပဏီမှာ အရင်တုန်းက ၆ ခုသာ ရှိရာကနေ ယခု ၂၃၈ ခု အထိ တိုးလာပါသည်။ ဒီဇိုင်းရေးဆွဲ ကျွမ်းကျင်ပညာရှင် ဦးရေမှာ အရင်တုန်းက ၅၀ ဦးသာ ရှိရာမှနေ ယခုလ ၈၀၀၀ ကျော်အထိ တိုးလာပြီ ဖြစ်ပြီး ကုန်ထုတ်လုပ်မှု တန်ဘိုးမှာ အရင်တုန်းက ယွမ် ၁၀ သန်းမှနေ၍ ယခုလ ယွမ် သန်း ၇၅၀ အထိ တိုးလာပါပြီ။

တုန်းကွမ်မြို့သည် ပြည်တွင်းပြည်ပ၌ နာမည်ကျော်ကြားသော ကုန်ထုတ်လုပ်မှုမြို့ ဖြစ်သည်။ ယခု တုန်းကွမ်မြို့တွင် ကုန်ထုတ်လုပ်မှု ကုမ္ပဏီ ၁ သိန်း ၅ သောင်းကျော် ရှိပါသည်။ တုန်းကွမ်မြို့ စုန်းစမ်းဟူ အဆင့်မြင့် သိပံ္ပနည်းပညာ ဖွံ့ဖြိုးရေးဇုန်တွင် အင်တဲ့လီဂျင် တပ်ဆင်မှု ရှိသည့် လုပ်ငန်းကုမ္ပဏီ ၃၀၀ ကျော် ရှိပြီး ပျမ်းမျှအားဖြင့် ကုမ္ပဏီ ၅ ခုအနက် တစ်ခုမှာ အင်တဲ့လီဂျင် နည်းပညာ အသုံးပြုနေခြင်း ဖြစ်သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio