• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှင်ကျင့်မြို့၏ ကုန်စည်စီးဆင်းမှု ပြုပြင်ပြောင်းလဲမှုလုပ်ငန်း

(GMT+08:00) 2018-05-28 10:40:47

တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး၏ ပြတင်းပေါက် အဖြစ်ဖြင့် ရှင်ကျင့်မြို့သည် တစ်ပြည်လုံး၌ ပထမဆုံးသော ခေတ်မီ ကုန်စည်စီးဆင်းမှုလုပ်ငန်းကို ကျောရိုးမဏ္ဍိုင် လုပ်ငန်းအဖြစ် ထားသော မြို့ပဲ ဖြစ်သည်။ ယခုနှစ်များတွင် ရှင်ကျင့်မြို့သည် ကုန်စည်စီးဆင်းမှု ကုန်ကျစရိတ် လျော့နည်းလာအောင် နည်းမျိုးစုံဖြင့် ဆောင်ရွက်ပြီး ဤသို့ဖြင့် လုပ်ငန်းကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်မှုကိုကို ထိရောက်စွာ အထောက်အကူ ပြုနေပါသည်။

ရှင်ကျင့်မြို့သည် ကုန်စည်စီးဆင်းမှု ထောက်ပံ့ရေး မူဝါဒများကို ချမှတ်ပြီး ယင်းတို့အနက် ခေတ်မီ ကုန်စည်စီးဆင်းမှု သီးသန့် ရန်ပုံငွေ ထားရှိခြင်းသည် အရေးကြီး မူဝါဒ တစ်ရပ် ဖြစ်သည်။ ရန်ပုံငွေ ထားရှိသည့် ၁၀ နှစ်ကျော်အတွင်း ပြည်တွင်းပြည်ပမှ ကုန်စည်စီးဆင်းမှု လုပ်ငန်းကုမ္ပဏီ ၈၀၀ ကျော်အား ငွေရင်း ယွမ် သန်း ၉၀၀ ခန့်ကို ထောက်ပံ့ကူညီပေးခဲ့ပါသည်။

သက်ဆိုင်ရာ စာရင်းအရ၊ ၂၀၁၇ ခုနှစ်တွင် ရှင်ကျင့်မြို့၏ ကုန်စည်စီးဆင်းမှု အသုံးစရိတ်မှာ ဂျီဒီပီ၏ ၁၂့ ၆၅ ရာခိုင်နှုန်း ရှိပါသည်။ အနာဂတ်တွင် ရှင်ကျင့်မြို့သည် ကုန်းစည်စီးဆင်းမှု၏ နည်းပညာသစ်နှင့် အသွင်ပုံစံသစ်များတွင် ဆက်လက် အားဖြည့်မည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio