• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ ဂျာမဏီ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2018-05-25 10:28:50

      တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၂၃ ရက်နေ့က ပီကင်းပြည်သူ့ ခန်းမဆောင်ကြီးတွင် ဂျာမဏီနိုင်ငံ ဝန်ကြီးချုပ် Merkel နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ရှီကျင့်ဖိန်က Merkel ၏ ၁၁ ကြိမ်မြောက် တရုတ်ခရီးစဉ်အပေါ် ကြိုဆို ပါကြောင်း၊ တရုတ်-ဂျာမဏီဆက်ဆံမှုကို Merkel က အလွန့်အလွန် အရေးထား ခြင်းအပေါ် ချီးကျူးကြောင်း ဖော်ပြခဲ့သည်။ ရှီကျင့်ဖိန်က ၂၀၁၄ခုနှစ်တွင် တရုတ်-ဂျာမဏီ ဘက်ပေါင်းစုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု တည်ထောင်ခဲ့သည့် နောက်ပိုင်းတွင် ၂ နိုင်ငံ ဆက့်မှုသည်၊ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး၊ ပူးပေါင်းဆောင်ရွက်ရေးတွင် မကြုံစဖူး သော အဆင့်အတန်းသို့ ရောက်ရှိနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Merkel ကလည်း တရုတ်ပြည်သည်၊ နိုင်ငံတကာ မိသားစုကြီးတွင် အရေးကြီး အဖွဲ့ဝင်ဖြစ်သကဲ့သို့၊ ဂျာမဏီနိုင်ငံ၏ အရေးကြီး ကုန်သွယ်မှုမိတ်ဖက်လည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဦးနှစ်ဖက်တို့သည်၊ နိုင်ငံတကာကုန်သွယ်မှုနှင့် အီရန် နျူကလီးယားပြဿနာများ စသည့် အတူတကွ အရေးထားကြသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ ကြသည်ဟု သတင်းအရသိရသည်။

   Webradio