• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှင်ကျင့်မြို့"အသက်ဘဏ်"

(GMT+08:00) 2018-05-24 11:05:34

 

ရှင်ကျင့်မြို့၌ ဌာနချုပ် ထားရှိသော တရုတ်နိုင်ငံတော်မျိုးရိုးဗီဇဘဏ်သည် အမေရိကန်၊ ဂျပန် နှင့် ဥရောပပြီးလျှင် တစ်ကမ္ဘာလုံး ၄ ခုမြောက် နိုင်ငံတော်အဆင့် မျိုးရိုးဗီဇ ဘဏ်ဖြစ်ပြီး မျက်မှောက် တစ်ကမ္ဘာလုံး အကြီးဆုံးသော မျိုးရိုးဗီဇဘဏ်လည်းဖြစ်သည်။ ယင်းမျိုးရိုးဗီဇဘဏ်သည် ဟွာတာ့ မျိုးရိုးဗီဇ သုတေသနအသင်းကို အခြေခံပြီး တည်ထောင်၊ လည်ပတ်ကာ တရုတ်ပြည် အထူးဝိသေသရှိသော မျိုးရိုးလိုက်အရင်းအမြစ် များ၊ မျိုးရိုးဗီဇအချက်အလက်များနှင့် ဇီဝအချက်အလက်များကို သိုလှောင်ထားကြောင်း သိရသည်။

မျိုးရိုးဗီဇဘဏ်သည် လူတိုင်းနှင့်သက်ဆိုင်ပြီး လူသားများ၏ "အသက်ဘဏ်" လိုဖြစ်သည်။ မျိုးရိုးဗီဇသိုလှောင်မှုသည် လူ့ဘဝ မတူသောအဆင့်ကာလ၌ မိမိအတွက် ဓါတ်ပုံရိုက်သလိုဖြစ်သည်။ လူ့ဘဝ မတူသော အဆင့်ကာလ၌ "အသက်ဘဏ်" တွင် သိုလှောင်ထားသော နုပျိုသော မျိုးရိုးဗီဇနမူနာသည် အသက်ကြီးလာသည့်အချိန်တွင် အထူးသဖြင့် သော့ချက်ကျအချိန်တွင် အသက်ကယ်နိုင်ကြောင်း သိရသည်။

   Webradio