• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ လုံခြုံရေးကောင်စီ အတွင်းရေးမှူးများ ၁၃ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်လာကြသော နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့မှ ခေါင်းဆောင်များနှင့် ရှီကျင့်ဖိန် တွေ့ဆုံ

(GMT+08:00) 2018-05-23 12:24:12

မေလ ၂၂ရက်နေ့က ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ပြည်တွင် ကျင်းပမည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများ လုံခြုံရေးကောင်စီ အတွင်းရေးမှူးများ ၁၃ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်လာကြသော နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်နိုင်ငံသည် မိမိ၏လုံခြုံရေးနှင့် ဒေသတွင်းနိုင်ငံများ၏လုံခြုံရေးကို ဆက်လက် ပေါင်းစပ်ထားမည်ဖြစ်ကြောင်း၊ လူသား ကံကြမ္မာအသိုက်အဝန်းထူထောင်ရေးကို တွန်းအားပေးရန်အတွက် အပြန်အလှန် လေးစားပြီး တရားမျှတ၍ ပူးပေါင်းဆာင်ရွက်ကာ အပြန်အလှန်အကျိုးရှိစေသော နိုင်ငံတကာ ဆက်ဆံရေးသစ်ကို အဖွဲ့ဝင် နိုင်ငံများနှင့်အတူ လက်တွဲ ထူထောင်ကြမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပြောကြားခဲ့ပါသည်။

   Webradio