• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သိပံ္ပနည်းပညာ ဆန်းသစ်ခြင်းသည် ရှင်ကျင့် ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုနေ

(GMT+08:00) 2018-05-23 09:58:36

လွန်ခဲ့သည့် နှစ် ၃၀ ကျော်က တရုတ်ပြည် ရှင်ကျင့်မြို့ တည်ထောင်ခါစတွင် တက္ကသိုလ်နှင့် သိပံ္ပပညာ သုတေသနဌာန လုံးဝ မရှိပေ။ ၂၀၁၇ ခုနှစ်တွင် ရှင်ကျင့်မြို့တွင် သိပံ္ပနည်းပညာဆိုင်ရာ ငွေရင်းမြှုပ်နှံမှု ပမာဏမှာ ဂျီဒီပီ စုစုပေါင်း ပမာဏ၏ ၄၀ ရာခိုင်နှုန်း အထိ ရှိပြီး နိုင်ငံတော် အဆင့် အဆင့်မြင့်သိပံ္ပနည်းပညာသစ် ပိုင်ဆိုင်သော လုပ်ငန်းကုမ္ပဏီ တစ်သောင်းခန့် ရှိလာပါပြီ။

ဟို့ကျဲန့်ခွေသည် ရှင်ကျင့်မြို့ တောင်ပိုင်း သိပ္ပံနည်းပညာ တက္ကသိုလ်မှ ဒုပါမောက္ခ တစ်ဦး ဖြစ်ပြီး သိပံ္ပနည်းပညာ ကုမ္ပဏီ တစ်ခုမှ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ တာဝန်လည်း ထမ်းဆောင်နေပါသည်။ လွန်ခဲ့သည့် ၆ နှစ်ကျော်က ဟို့ကျဲန့်ခွေသည် မျိုးရိုးဗီဇ တိုင်းတာရေး စက်ကိရိယာကို သုတေသနပြုသော ကုမ္ပဏီ တစ်ခုကို ဖွဲ့စည်း တည်ထောင်ပြီး ၂၀၁၇ ခုနှစ်တွင် အာရှ၌ ပထမဆုံးသော ကမ္ဘာ့ရှေးပြေး တတိယ ဆက်မြောက် မျိုးရိုးဗီဇ တိုင်းတာရေး ကိရိယာကို ထုတ်လုပ်နိုင်ခဲ့ပါသည်။ သို့ဖြစ်၍ မျိုးရိုးဗီဇ တိုင်းတာရေး ကုန်ကျစရိတ်မှာ အရင်တုန်းက အမေရိကန်ဒေါ်လာ ၁၀၀၀ မှနေ၍ လက်ရှိ ဒေါ်လာ ၁၀၀ အထိ ကျဆင်းလာပါသည်။

ဒေါက်တာ ချင်နင်သည် ၂၀၁၄ ခုနှစ်က ရှင်ကျင့်မြို့၌ သိပံ္ပနည်းပညာ ကုမ္ပဏီ တစ်ခုကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီး၊ နှစ်ပေါင်းများစွာ ကြိုးပမ်း ပြီးနောက် တစ်ကမ္ဘာလုံးတွင် ပထမဆုံးသော ရွေ့လျား လူရုပ် လိုက်လံ ရှာဖွေ စစ်ဆေးရေး စနစ်ကို သုတေသနပြု ထုတ်လုပ်နိုင်ခဲ့ပါသည်။ ယင်းစနစ်ဖြင့် ၃၊၄ စက္ကန့်အတွင်း လူတစ်ဦးကို လိုက်လံ ချမှတ်နိုင်ပြီး ပြည်သူ့လုံခြုံရေးဌာနသည် ယင်းစနစ်ဖြင့် အမှုများ ဖေါ်ထုတ်နေသည့် အပြင် ပျောက်ဆုံး ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကိုလည်း ပြန်လည်ရှာတွေ့နိုင်ခဲ့ပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio