![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
လွန်ခဲ့သည့် နှစ်ပေါင်း ၄၀အတွင်း တရုတ်ပြည် တောင်ပိုင်းရှိ ရှင်ကျင့်သည် နယ်ခြား မြို့နယ်တစ်ခုမှနေ တစ်ကမ္ဘာလုံးတွင် နာမည်ကျော်ကြားပြီး လူဦးရေ ၂ကုဋ္ဌေနှင့် ရှင်သန်မှု များစွာ ရှိသော မြို့ကြီး တစ်မြို့အဖြစ်သို့ ပြောင်းလဲတိုးတက်လာသည်။ မကြာခင်က စီအာအိုင် သတင်းထောက်သည် ရှင်ကျင့်မြို့ လိုဟူမြို့နယ်ခွဲရှိ ယွီမင်-တံငါရွာကို သွားရောက်ခဲ့သည်။ ၄င်းတံငါရွာ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရှင်ကျင့်၏ ဖွံ့ဖြိုးတိုးတက်မှုကို ရောင်ပြန်ထင်ဟပ် နိုင်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။
ယွီမင်-တံငါရွာသည် ဟောင်ကောင်နှင့် အိမ်နီးချင်းကြောင်း၊ လွန်ခဲ့သည့် ၁၉၃၀-၄၀ပြည့်နှစ်မှစ၍ ကွမ်တုန်း တုန်းကွမ်မှ တံငါသည် အချို့သည် ရှင်ကျင့်မြစ်နားသို့ ရောက်ရှိပြီး ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ကြကြောင်း၊ ၄င်းတို့သည် ငါဖမ်းလှေ အပေါ်တွင်လည်း နေထိုင်စားသောက်လေ့ရှိကြကြောင်း သိရသည်။
လွန်ခဲ့သည့် ၁၉၇၀ပြည့်နှစ် အကုန်ပိုင်းရောက်လျှင် ကွမ်တုန်း အနေနှင့် ဟောင် ကောင်၊ မကာအိုနှင့် နီးကပ်ပြီး တရုတ် အနွယ်ဖွားများပြားသောကြောင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ကွမ်တုန်းပြည်နယ်တွင် အထူးအခွင့်ရေးပေး မူဝါဒကို ကျင့်သုံးပြီး ရှင်ကျင့်၊ ကျူးဟိုင်နှင့် ရှန့်ထိုစသည့် မြို့များတွင် ပို့ကုန် အချောကိုင် ဇုန်နယ်ကို တည်ဆောက်ရန် ကွမ်တုန်း ပြည်နယ် ကွန်မြူနစ် ပါတီ ကော်မတီသည် အဆိုပြုချက် တင်ပြခဲ့ကြောင်း၊ ၄င်းအဆိုပြုချက်ကို ဟိုတစ်ချိန်က တရုတ် နိုင်ငံတော် ခေါင်းဆောင် တိန့်ရှောင်ဖိန်သည် အင်တိုက်အားတိုက် အားပေးထောက်ခံခဲ့ကြောင်း၊ ၁၉၈၀ပြည့်နှစ် သြဂုတ်လက တရုတ် ပြည်သူ့ ကွန်ဂရက် ပြည်လုံးဆိုင်ရာ ကော်မတီသည် စီးပွားရေး အထူးဇုန်နယ် ထားရှိရန် ခွင့်ပြုပြီး ကွမ်တုန်းပြည်နယ် စီးပွားရေး ဇုန်နယ် ယာယီ စည်းမျဉ်းဥပဒေကိုလည်း အတည်ပြု ပြဌာန်းကာ တရုတ်ပြည်တွင် စီးပွားရေး အထူးဇုန်နယ်ကို တရားဝင် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရှင်ကျင့် စီးပွားရေး အထူးဇုန်နယ်တွင် ပျော့ပျောင်းသည့် ပြုပြင် ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု မူဝါဒကို ကျင့်သုံးခြင်းကြောင့် ယွီမင်-တံငါရွာသည် သယ်ယူပို့ဆောင်ရေး ယာဉ်များအဖွဲ့နှင့် သင်္ဘောများအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ပြီး မွေးမြူရေး လုပ်ငန်းကို အင်တိုက်အားတိုက် ပြုလုပ်ကာ အချောကိုင် လုပ်ငန်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယွီမင်-တံငါရွာ ယွီဖုန်းလုပ်ငန်း ကုမ္ပဏီ လီမိတက် အမြဲတမ်း ဒုမန်နေဂျာ ဟွမ်ရှင့်ယန်က ၁၉၇၈ခုနှစ်က ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကို စတင်ကျင့်သုံးခဲ့ချိန်မှ ၁၉၈၀ပြည့်နှစ် အစပိုင်းအထိ ၃-၄နှစ် အတွင်း ယွီမင်-တံငါရွာသည် ငွေရင်းစုဆောင်းမှုကို ဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ အိမ်ထောင်စုတိုင်းသည် အဆင့်မြင့်အိမ်ရာကို ကိုယ်စီ ဆောက်လုပ်ပြီး တရုတ်ပြည် တစ်ပြည်လုံးရှိ ကျေးရွာများတွင် ယွီမင်-တံငါရွာသည် ပထမဆုံး ယွမ်ငွေ တစ်သောင်းရှိ အိမ်ထောင်စုရွာ ဖြစ်လာကြောင်း ပြောကြားသည်။
လွန်ခဲ့သည့် ၁၉၉၀ပြည့်နှစ်က ချမ်းသာလာသည့် ရှင်ကျင့် စီးပွားရေး အထူးဇုန်နယ် သည် ကျေးလက်ဒေသအား မြို့ပြဖြစ်ထွန်းမှု လုပ်ငန်းကို စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ယွီမင်-တံငါရွာသည် ၄င်းလုပ်ငန်းတွင် စမ်းသပ်ပြုပြင်သည့် ကျေးရွာ တစ်ခု ဖြစ်ကြောင်း၊ ယွီမင်-တံငါရွာ ရွာသူရွာသားများသည် ယွီဖုန်းလုပ်ငန်း ကုမ္ပဏီ လိမိတက်ကို တည်ထောင် ပြီး ငွေရင်းစုဆောင်းကာ ကျေးရွာတွင် အဆောက်အဦးများကို ဆောက်လုပ်ခဲ့ကြောင်း၊ ရွာသူရွာသားများသည် ၄င်းကုမ္ပဏီ၏ အစုရှင် ဖြစ်လာပြီး နှစ်တိုင်းတွင် ကုမ္ပဏီမှ အကျိုးအမြတ် ရရှိနိုင်ကြောင်း၊ ရွာသား ဝူကျင်ချင်းက လစဉ် ပျမ်းမျှအားဖြင့် အကျိုးအမြတ် ယွမ်ငွေ ၄သောင်းကျော် ရရှိနိုင်ပြီး တစ်နှစ်ပတ်လုံးဆိုရင် ယွမ်ငွေ ၄-၅သိန်း ရရှိနိုင်ကြောင်း၊ နဂိုက အဲဒါကို စဉ်းစားတောင် မစဉ်းစားရဲဘူးလို့ ပြောကြားကြောင်း၊ ထို့အပြင်၊ အိမ်ငှါးခသည် ရွာသူရွာသားများ၏ အဓိက ဝင်ငွေလည်း ဖြစ်ကြောင်း သိရသည်။
တံငါရွာ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရှင်ကျင့်၏ ဖွံ့ဖြိုးတိုးတက်မှုကို ရောင်ပြန်ထင်ဟပ် နိုင်ကြောင်း၊ ရှင်ကျင့်မြို့ ကွန်မြူနစ်ပါတီ ကော်မတီ အတွင်းရေးမှူး ဝမ်ဝေကျုံးက ၁၉၇၉ခုနှစ်က ရှင်ကျင့်၏ ဂျီဒီပီမှာ ယွမ်ငွေ ၁၉၇သန်းသာ ရှိကြောင်း၊ ၂၀၁၇ခုနှစ်ကတော့ ရှင်ကျင့်၏ ဂျီဒီပီမှာ ယွမ်ငွေ ဘီလီယံ ၂၂၄၀အထိ တိုးလာကြောင်း၊ နှစ်စဉ် ပျမ်းမျှ တိုးနှုန်းမှာ ၂၃ရာခိုင်နှုန်း ရှိပြီး စီးပွားရေး နယ်ပယ်တွင် ကမ္ဘာပေါ်၌ မကြုံစဖူး လျင်မြန်သည့် "ရှင်ကျင့်အရှိန်"ကို ဖန်တီးခဲ့ကြောင်း ပြောကြားသည်။