• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Friday  may 23th   2025   

ပထမဆုံးအကြိမ် တရုတ်-ကမ္ဘောဒီးယား ခရီးသွား ထိပ်သီး ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဖွင့်လှစ်

(GMT+08:00) 2018-05-18 15:24:10

ပထမဆုံးအကြိမ် တရုတ်-ကမ္ဘောဒီးယား ခရီးသွား ထိပ်သီး ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ယခုလ ၁၇ရက်နေ့က ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တော်တွင် ဖွင့်လှစ် ခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်မှာ "ပိုးလမ်းမကြီး ခရီးသွား ဖွံ့ဖြိုးရေး အခွင့်ကောင်းကို လက်မလွှတ်ရန်" ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ် ဟိုနန်ဟုန်၊ ခရီးသွား ဝန်ကြီး၊ ဖနွမ်းပင်မြို့ ဒုမြို့တော်ဝန်နှင့် ကမ္ဘောဒီးယား နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ရှုံပို အပါအဝင် နှစ်နိုင်ငံ အစိုးရနှင့် ခရီးသွား လုပ်ငန်းမှ အရာရှိနှင့် ပုဂ္ဂိုလ် ၄၀၀ကျော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

no comments !
   Webradio