• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပျော်စရာစုံလင်(Julon)ရှုခင်းသာနေရာတခွင်

(GMT+08:00) 2018-05-15 16:01:55

 

 

 

 

 

 

တရုတ်နိုင်ငံမြောက်ပိုင်း ၊ပီကင်းမြို့ရဲ့အနောက်ဘက်ဆင်ခြေဖုံးမှာရှိတဲ့(Le Foshan)တောင်ပေါ်ကဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးဟာအလျား(၁၆.၉)မီတာရှည်တဲ့အကြီးဆုံးလျောင်းတော်မူဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးဖြစ်ပါတယ်။ဒီရုပ်ပွါးတော်

မြတ်ကြီးကို မြန်မာ့ကျောက်.တစ်တုံးတည်းနဲ့ ထုလုပ် ပူဇော်ခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီး  တည်ရှိရာ တောင်ပေါ်သို့တက်ရာ လမ်းတလျှောက်

တွင်လဲ  မြတ်စွာဘုရားရုပ်ထုတော်များထုလုပ်ပူဇော်ထားတာကိုတွေ့မြင်ရပါ

တယ်။ တောင်တက်လမ်းတလျှောက်ရေတံခွန်များ၊ သစ်ပင်ပန်းမံများ၊  စမ်း

ချောင်းကလေးများဖြင့်ဘုရားရိပ်၊တရားရိပ်ရဲ့အေးချမ်းဆိတ်ငြိမ်မှုကိုခံစားရပါတယ်။တောင်ပေါ်သို့ရောက်လျှင်အဝင်မုခ်ဦးမှာမြန်မာ့ကျောင်းကန်ဘုရားများမှာမြင်ရတဲ့ဇရပ်အဆောက်အဦများကဲ့သို့အဆောက်အဦများကိုတွေ့ရှိရမှာဖြစ်ပါတယ်။ရင်ပြင်တော်ပေါ်တွင် မြတ်စွာဘုရားဆင်းတုတော်ကြီးများနဲ့တောင်နံရံ

မှာကပ်လျှက်  သွန်းလုပ်ပူဇော်ထားတဲ့ထူးခြားတဲ့ဗုဒ္ဓရုပ်ပွါးတော်မြတ်ကိုလဲဖူး

မြော်ရပါလိမ့်မယ်။လျောင်းတော်မူဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးဟာမြန်မာနိုင်ငံ၊ပဲခူး

မြို့မှာရှိတဲ့ရွှေသာလျောင်းရုပ်ပွါးတော်မြတ်ကြီးနဲ့ဆင်တူပါတယ်။ပဲခူးရွှေသာ

လျောင်းရုပ်ပွါးတော်မြတ်ကြီးကဦးခေါင်းတော်ကိုလက်တော်နဲ့ထောက်မထားပဲ၊(Le Foshan)ရုပ်ပွါးတော်မြတ်ကြီးကဦးခေါင်းတော်ကိုလက်တော်နဲ့ထောက်

ထားတာတစ်ခုပဲကွာခြားမှုရှိပါတယ်။ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ဗုဒ္ဓဘာသာဝင်

တော်တော်များများဟာ(Le Foshan) ရုပ်ပွါးတော်မြတ်ကြီးကိုလာရောက်ဖူး

မြော်ကြကြောင်းလဲသိရပါတယ်။တောင်ပေါ်ကိုတက်တဲ့အခါခြေလျင်မတက်

လိုပါကတောင်တက်ကားလေးစီးလို့ရပါတယ်။လူတစ်ဦးလျှင်တရုတ်ယွမ်ငွေ

(၁၀)သာပေးရပါတယ်။တောင်ခြေကိုပြန်ဆင်းတဲ့အခါလဲ၎င်းကားလေးနဲ့ပြန်ဆင်းလို့ရပါတယ်။Le  Foshan တောင်ခြေဟာဆိုရင်လဲအပမ်းဖြေအနားယူစ

ရာ၊ဆော့ကစားစရာ၊စီးစရာများစုံလင်စွာရှိတဲ့ရှုခင်းသာနေရာတစ်ခုဖြစ်ပါတယ်။ဒီရှုခင်းသာနေရာကို(Fangshan) မြို့နယ်၊(Shidu) ရပ်ကွက်၊(Julon) ရှုခင်း

သာနေရာလို့ခေါ်ပါတယ်။(Julon) ရှုခင်းသာနေရာဟာအင်မတန်သာယာလှပ

တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။တောင်ကြားတလျှောက်ရေကန်ကျယ်ကြီးထဲမှာအပျော်စီးဝါးဖေါင်တွေ၊အပျော်စီးရှပ်ပြေးရေယာဉ်တွေရှိသလိုတစ်တောင်နဲ့တစ်တောင်ချိတ်ဆက်ထားတဲ့  အပျော်စီးကေဘယ်လ်ကားတွေလဲရှိပါတယ်။

တောင်ပေါ်အလှအပများနဲ့   ကန်ရေပြင်ကျယ် အလှတွေ၊ ရှုမျှော်ခင်းတွေကို

ကောင်းကင်ယံကကြည့်လိုပါကအပျော်စီးဂျက်လေယာဉ်ငယ်နဲ့လဲကြည့်လို့ရပါတယ်။အပျော်စီးဝါးဖေါင်စီးကြသူတွေဟာတစ်စီးနဲ့တစ်စီးစ,နောက်ကြပြီးရေ

ပက်ကစားကြတာကိုလဲတွေ့ရပါတယ်။အပျော်စီးဝါးဖေါင်တစ်စီးလျှင်လူ(၄)ဦးခန့်စီးရပြီး၊အပျော်စီးရှပ်ပြေးရေယာဉ်တစ်စင်းလျှင်လူ(၁၀)ဦးခန့်စီးရပါတယ်။

ရှပ်ပြေးရေယာဉ်စီးလို့ရတဲ့လမ်းကြောင်းအရှည်ကတော့မီတာ(၁၆၀၀)ရည်ပါတယ်။တစ်တောင်ကနေတစ်တောင်ကိုချိတ်ဆက်ထားတဲ့ကေဘယ်လ်ကားကိုတော့တစ်ဦးချင်းစီ၊စီးရပါတယ်။အပျော်စီးယာဉ်တွေကိုစီးရတာဟာရင်ခုန်စိတ်လှုပ်ရှားစရာကောင်းလှသလိုအတွေ့အကြုံသစ်ကိုလဲခံစားရပါတယ်။(Julon)ရှုခင်းသာနေရာမှာတောင်ကမ်းပါးယံနဲ့ကပ်လျှက်တည်ဆောက်ထားတဲ့(3.D)မှန်တံတားလဲရှိပါတယ်။မှန်တံတားပေါ်တက်မယ်ဆိုလျှင်တော့သတ်မှတ်ထားတဲ့ဖိနပ်ကိုပြောင်းစီးကြရပါတယ်။ကန်ရေပြင်ကျယ်ထဲကရေယာဉ်စီးကြသူ

တွေ၊တောင်ပေါ်ကကေဘလ်စီးကြသူတွေ၊ကောင်းကင်ယံကဂျက်လေယာဉ်

ငယ်စီးကြသူတွေ၊မှန်တံတားအလှအပတွေနဲ့သဘာဝရှုမျှော်ခင်းအလှတွေ

ပေါင်းစပ်ထားတဲ့မြင်ကွင်းဟာမြင်ရသူကိုမျက်တောင်ခတ်ဖို့တောင်မေ့လျော့

စေပါတယ်။ရောင်စုံလှပတဲ့အိမ်မက်ကမ္ဘာထဲကိုရောက်နေသလိုသဘာဝရှုခင်းအလှအပတွေနဲ့ပြည့်ဝနေတဲ့(LeFoshan)တောင်ပေါ်ကလျောင်းတော်မူဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးဖူးမြော်ဖို့နဲ့(Julong)ရှုခင်းသာနေရာကသဘာဝအလှအပ

တွေကို၊ကိုယ်တိုင်မြင်တွေ့ခံစားချင်တယ်ဆိုရင်တော့၊တရုတ်နိုင်ငံမြောက်ပိုင်း၊

ပီကင်းမြို့ရဲ့အနောက်ဘက်ကီလိုမီတာ(၉၀)အကွာမှာရှိတဲ့(Fangshan)မြို့

နယ်၊(Shidu) ရပ်ကွက်၊(Julon) ရှုခင်းသာနေရာကိုအရောက်လှမ်းခဲ့ကြဖို့ဖိတ်

ခေါ်လိုက်ရပါတယ်။

   Webradio