• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟောင်ကောင်နှင့် ပြည်မကြီးအကြား သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-05-14 12:34:47

လွန်ခဲ့သည့်နှစ် ဇွန်လတွင် ဟောင်ကောင်ရှိ တရုတ် သိပ္ပံပညာ တံခွန်အသင်းကြီးနှင့် တရုတ် အင်ဂျင်နီယာ တံခွန်အသင်းကြီးမှ အသင်းဝင် ၂၄ ဦးတို့သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်အား စာတစ်စောင် ရေးသားပေးပို့ပြီး၊ အမိနိုင်ငံအား ကျေးဇူးဆပ် အကျိုးဆောင်ပေးရန်နှင့် သိပ္ပံနည်းပညာ ဆန်းသစ်ရန် ဆန္ဒကို တင်ပြထားကြကြောင်း၊ ရှီကျင့်ဖိန်သည် ယင်းကိစ္စကို လွန်စွာ အလေးထားပြီး သက်ဆိုင်ရာ လုပ်ငန်းများကို လျင်မြန်စွာ စီမံခန့်ခွဲပေးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ဟောင်ကောင်နှင့် ပြည်မကြီး အကြား သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်မည် ဖြစ်ကြောင်း၊ ဟောင်ကောင်က နိုင်ငံတကာ ဆန်းသစ် သိပံ္ပနည်းပညာ၏ ဗဟိုအချက်အလက်နေရာ ဖြစ်ရေးကို အားပေး ထောက်ခံ ပါကြောင်း၊ ဟောင်ကောင် သိပ္ပံနည်းပညာလောကက တရုတ်နိုင်ငံကို သိပံ္ပနည်းပညာ အင်အားတောင့်တင်းသော နိုင်ငံ ဖြစ်လာအောင် တည်ထောင်ရေးနှင့် တရုတ် အမျိုးသား၏ မွန်မြတ်သော ရှင်သန်ရေးအတွက် အကျိုးပြု စွမ်းဆောင်ရန် အားပေး ထောက်ခံပါကြောင်း ပြောကြားပါသည်။

   Webradio