• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ နိုင်ငံ ပထမဆုံး ဝန်ကြီးချုပ်၏ သမီး တရုတ်ပြည် ရွှေလီသို့ ခရီးလှည့်လည်

(GMT+08:00) 2018-05-11 15:02:05

ယခုလ ၈ရက်နေ့က မြန်မာ နိုင်ငံ ပထမဆုံး ဝန်ကြီးချုပ် ဦးနု၏ သမီး ဒေါ်သန်းသန်းနု သည် တရုတ်ပြည် ယူနန်ပြည်နယ် ရွှေလီမြို့သို့ ခရီးလှည့်လည်ခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

ဒေါ်သန်းသန်းနုသည် ဦးနု ဒေါ်မြရီ ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဖြစ်ကြောင်း၊ ၄င်းသည် ဧည့်သည်တော် အဖြစ် ဒုတိယအကြိမ် တရုတ်-မြန်မာ တတ်သိပညာရှင်များအဖွဲ့ အဆင့်မြင့် ဖိုရမ်သို့ တက်ရောက်ရန် ရွှေ့လီသို့ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင်၊ ဒေါ်သန်းသန်းနုသည် ရွှေလီမြို့ ကျယ်ကောက် နယ်စပ်စခန်း၊ တစ်ဖက်ခြမ်း တရုတ်နိုင်ငံတွင် တည်ရှိပြီး နောက်တစ်ဖက်ခြမ်းကတော့ မြန်မာနိုင်ငံတွင် တည်ရှိသည့်ရွာ နှင့်ဝမ်တင်းလယ်ယာထွက်ကုန် ရောင်းဝယ်ရေး စင်တာစသည့် နေရာများသို့လည်း သွားရောက် လှည့်လည်ခဲ့ကြောင်း သိရသည်။

   Webradio