• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ဆန်းသစ်တီထွင်ရေးနှင့် ပတ်သက်၍ တရုတ် သံအမတ်ကြီး ပြောကြား

(GMT+08:00) 2018-05-11 15:01:27

အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟွမ်ရှီးလျန်သည် ယခုလ ၉ရက်နေ့ ညနေပိုင်းက ဖိတ်ကြားချက်အရ အင်ဒိုနီးရှား နာမည်ကျော် တက္ကသိုလ် ဖြစ်သည့် လန်ဒန် အများပြည်သူ ဆက်ဆံရေး ပညာ ကောလိပ်သို့ သွားရောက်ပြီး ၄င်းကောလိပ် ၏"အာဆီယံ ဆန်းသစ်တီထွင်ရေးနှင့် လုပ်ငန်းတည်ထောင်ရေး သုတေသန စင်တာ" ဖွဲ့စည်းတည်ထောင်ရေး အခမ်းအနားသို့ တက်ရောက်ပြီး တရုတ်နိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး ဂျိုဟာရီနှင့် အတူ ဝန်ကြီးချုပ် လီခေ့ချန်၏ အာဆီယံ အတွင်းရေးမှူးဌာန ခရီးစဉ် ဆိုင်ရာ အကြောင်းအရာများ၊ တရုတ်ပြည်၏ ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ဆန်းသစ်တီထွင်ရေးဆိုင်ရာ အမြင်များကို မိတ်ဆက်ပေးခဲ့ကြကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံ ရေးရာ အဆင့်မြင့် အရာရှိ ဟိုစေ၊ အာဆီယံ ဆိုင်ရာ အမေရိကန်၊ ဂျပန်၊ ကနေဒါစသည့် နိုင်ငံများမှ သံတမန် အဖွဲ့နှင့် အာဆီယံ အတွင်းရေးမှူးဌာနမှ အဆင့်မြင့် အရာရှိများ၊ လန်ဒန် အများပြည်သူ ဆက်ဆံရေး ပညာ ကောလိပ်မှ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာများ အပါအဝင် ပုဂ္ဂိုလ် ၂၀၀ခန့်သည်  ၄င်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟွမ်ရှီးလျန်က မကြာခင်က ဝန်ကြီးချုပ် လီခေ့ချန်သည် အာဆီယံ အတွင်းရေးမှူး ဌာနသို့ အောင်မြင်စွာ လာရောက် ခရီးလှည့်လည်ပြီး တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် ၁၅နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ဖွင့်ပွဲ အခမ်းအနား သို့လည်း တက်ရောက်ခဲ့ကြောင်း၊ ယင်းသည် အာဆီယံ အပေါ် တရုတ် အစိုးရမှ အလွန် အလေးထားခြင်းနှင့် အားပေးထောက်ခံခြင်းကို အပြည့်အဝ ဖော်ပြနေကြောင်း၊ ယင်းသည် တရုတ်-အာဆီယံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် မှတ်တိုင်တစ်ခု အဖြစ် အနက်အဓိပ္ပါယ်ရှိကြောင်းလည်း ပြောကြားသည်။

   Webradio