• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒုတိယ အကြိမ်မြောက် တရုတ်-မြန်မာ တတ်သိပညာရှင်များအဖွဲ့ အဆင့်မြင့် ဖိုရမ် ဖွင့်လှစ်

(GMT+08:00) 2018-05-10 15:07:27

ဒုတိယ အကြိမ်မြောက် တရုတ်-မြန်မာ တတ်သိပညာရှင်များအဖွဲ့ အဆင့်မြင့် ဖိုရမ်ကို ယခုလ ၉ရက်နေ့က တရုတ်ပြည် ယူနန်ပြည်နယ် ဒယ်ဟုံဒေသ မန်ရှိမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံမှ တတ်သိပညာရှင်များအဖွဲ့များမှ ကိုယ်စားလှယ်များ၊ နာမည်ကျော် ပညာရှင်များတို့သည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် တည်ဆောက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ် ကွန်မြူနစ်ပါတီ ဒယ်ဟုံဒေသ ကော်မတီ ဒုအတွင်းရေးမှူး ဝေ့ကန်က ဖိုရမ်ဖွင့်ပွဲ၌ မိန့်ခွန်းပြောကြားရာတွင် ယခုအကြိမ် ဖိုရမ်သည် နှစ်နိုင်ငံ အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး တွန်းအားပေးရန် အတွက် အကြံဥာဏ်ပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ယူနန်ပြည်နယ် လူမှုရေး သိပ္ပံပညာ အကယ်ဒမီ အသင်း၊ တရုတ် (ကူမင်း) တောင်အာရှနှင့် အရှေ့တောင်အာရှ ရေးရာ သုတေသန အကယ်ဒမီ ဥက္ကဋ္ဌ ဟိုဇူခွန်းက တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် တည်ဆောက်ရေးသည် မြန်မာ နိုင်ငံတွင် Belt and Road အဆိုပြုချက်ကို လက်တွေ့ဖော်ဆောင်ရေး ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံတို့၏ တံခါးဖွင့်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အပေါ် ကြီးမားသည့် သြဇာညောင်းမှု သက်ရောက်မည် ဖြစ်ကြောင်း ပြောကြားသည်။

ကူမင်းမြို့ ဆိုင်ရာ မြန်မာ ကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်က တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် တည်ဆောက်ရေးသည် တရုတ်ပြည် အတွက် မြန်မာနိုင်ငံမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် -တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး စင်္ကြန်ကို ဆက်စပ်ပြီး တဆက်တည်းရှိလာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွက် ဖွံ့ဖြိုးရေး မညီမျှမှု ပြဿနာ ဖြေရှင်းရေးကို အထောက်အကူဖြစ်ပြီး အခြေခံ အဆောက်အအုံ အရည်အချင်းနှင့် ဒေသခံ ပြည်သူများ၏ နေထိုင်မှု အဆင့်အတန်းကို တိုးမြှင့်ကာ မြန်မာ လယ်ယာထွက် ပစ္စည်းများကို တရုတ်ပြည်သို့ တင်ပို့ ရောင်းချရန်နှင့် တရုတ်ကုန်ပစ္စည်းများအား မြန်မာနိုင်ငံသို့ တင်သွင်းရန် တွန်းအားပေး၍ အပြန်အလှန် အကျိုးရှိစေရေးနှင့် အတူ အောင်မြင်မှု ရရှိရေးကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာ မဟာဗျူဟာနှင့် နိုင်ငံတကာ ရေးရာ သုတေသန ဌာနတွင် အလုပ်လုပ်နေသော အိန္ဒိယ နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးဟောင်း ဦးဝင်းလွင်က မြန်မာ နိုင်ငံသည် နိုင်ငံတော် စီမံကိန်းမှ အစီအစဉ်အချို့ကို Belt and Roadတည်ဆောက်ရေးနှင့် ပေါင်းစပ်ညီညွတ် စေရန် စဉ်းစားနေကြောင်း၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် တည်ဆောက်ရေးသည် ရင်းနှီးငွေနှင့် လူ့စွမ်းအား များစွာ လိုအပ်သည့်အပြင်၊ နှစ်နိုင်ငံ ပြည်သူများ၏ နားလည်မှု လိုအပ်ကြောင်းလည်း ပြောကြားသည်။

   Webradio