• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နိုင်ငံတော် ကောင်စီဝင် ကျောက်ခေ့ကြည်နှင့် မြန်မာ ပြည်ထဲရေး ဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-05-09 16:25:34

တရုတ် နိုင်ငံတော် ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး ကျောက်ခေ့ကြည်သည် ယခုလ ၈ရက်နေ့က နေပြည်တော်တွင် မြန်မာ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကျောက်ခေ့ကြည့်က ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြသော နိုင်ငံတကာ ဆက်ဆံမှုသစ်နှင့် လူသား ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး စသည့် အရေးကြီး မဟာဗျူဟာမြောက် အတွေးအခေါ်များသည် တရုတ်-မြန်မာ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားသစ် ပေးနေကြောင်း၊ တရုတ်ပြည်သည် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် မြန်မာ ခေါင်းဆောင်များနှင့် ရရှိခဲ့သော အရေးကြီး သဘောတူညီမှုကို လေးနက်စွာ လက်တွေ့ဖော်ဆောင်ပြီး တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို အဆက်မပြတ် နက်ရှိုင်းစေကာ တရုတ်-မြန်မာ တရားဥပဒေ ကျင့်သုံးရေးနှင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရန် မြန်မာနိုင်ငံနှင့် အတူ လက်တွဲ ကြိုးပမ်းလိုကြောင်း ပြောကြားသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကလည်း မြန်မာ နိုင်ငံသည် တရုတ်ပြည်နှင့်အတူ တရားဥပဒေ ကျင့်သုံးရေးနှင့် လုံခြုံရေး အပါအဝင် နယ်ပယ်များတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် ဇောက်ချပြုလုပ်ပြီး Belt and Road တည်ဆောက်ရေး အတွက် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ နှစ်နိုင်ငံတို့၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို လက်တွဲ ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်ကြလိုကြောင်း ပြောကြားသည်။

 

   Webradio