• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် မြောက်ကိုးရီးယားလုပ်သားပါတီဥက္ကဋ္ဌကင်ကျုံအန်းနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-05-09 13:23:07

ယခုလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် မြောက်ကိုးရီးယားလုပ်သားပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌကင်ကျုံအမ်းနှင့် တာ့လျန်မြို့၌ တွေ့ဆုံပွဲကျင်းပခဲ့သည်။ နှစ်ဖက်တို့သည် တရုတ်-မြောက်ကိုးရီးယားဆက်ဆံရေးနှင့် အတူအာရုံစိုက်ကြသော ကိစ္စရပ် များနှင့်ပတ်သက်၍ ဘက်စုံ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က တစ်လကျော်အချိန်အတွင်း မိမိနှင့် ရဲဘော်ဥက္ကဋ္ဌတို့သည် နှစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရင်းနှီးသော ဆက်သွယ်မှုကို ထိန်းထားကြောင်း၊ မိမိအနေနှင့် ရဲဘော် ဥက္ကဋ္ဌနှင့်အတူ မိမိတို့ရရှိခဲ့သော သဘောတူညီချက်များကို လက်တွေ့ကျကျဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများအား ဆက်လက်လမ်းညွှန်ပြီး တရုတ်-မြောက်ကိုးရီးယားဆက်ဆံရေး အဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရန် တွန်းအားပေးလိုကြောင်းပြောကြားသည်။

ကင်ကျုံအန်းကလည်း အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်၏ အမျှော်အမြင်ရှိမှုကို မြင့်မားစွာ ချီးကျူးပြီး ကာလရှည်ကြာစွာအချိန်အတွင်း ကိုးရီးယားကျွန်းဆွယ် နျူကလီးယားကင်းမဲ့စေရေး၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်း ကာကွယ်ရေးအတွက် တရုတ်ပြည်၏ အရေးကြီးသော အကျိုးပြုစွမ်းဆောင်မှုကို ကျေးဇူးတင်ရှိကြောင်းဖေါ်ပြခဲ့သည်။

   Webradio