• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု အနာဂတ်သစ်ကို အတူ ဖန်တီးပေးကြ

(GMT+08:00) 2018-05-08 15:19:53

အင်ဒိုနီးရှား နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်နေသော တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၇ရက်နေ့က ဂျာကာတာမြို့ရှိ အာဆီယံ အတွင်းရေးမှူးရုံးသို့ သွားရောက် လှည့်လည်ရာ အာဆီယံ အတွင်းရေးမှူးချုပ် လင်ဂျော့ဟိုအီနှင့် တွေ့ဆုံနှုတ်ဆက်ပြီး တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် ၁၅နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရသည်။

နှစ်ဖက်တို့က ယခုနှစ်ကို အခွင့်ကောင်းအဖြစ် ယူပြီး တရုတ်နှင့် အာဆီယံအကြားရှိ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု၏ အနှစ်သာရကို ဖြည့်တင်းမည် ဖြစ်ကြောင်း၊ တရုတ်နှင့် အာဆီယံတို့သည် ပူးပေါင်းဆောင်ရွက်မှု အနာဂတ်သစ်ကို လက်တွဲ ဖန်တီးပေးနေကြကြောင်း ပြောကြားသည်ဟု စီအာအိုင်က ဖော်ပြသည်။

တရုတ်ပြည်နှင့် အာဆီယံတို့သည် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး အပေါ် အလွန် အလေးထားပြီး သဘောတူညီချက်များ ရရှိခဲ့ကြကြောင်း၊ ယင်းသဘောတူညီချက်များတွင် နှစ်ဖက်တို့၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများကို ညီညွတ်စေရန်၊ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး ဇောက်ချပြုလုပ်ရန်၊ ပွင့်လင်းမှု ရှိပြီး စည်းမျဉ်း ဥပဒေများကို အခြေခံထားသော ဘက်ပေါင်းစုံ ကုန်သွယ်ရေး စနစ်ကို အတူ ထိန်းသိမ်း ကာကွယ်ရန်စသည်များ ပါဝင်ကြောင်း သိရသည်။

လီခေ့ချန်က တရုတ်နှင့် အာဆီယံတို့သည် အတူ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းမှု အတူတည်ဆောက်ရေး၊ တံခါးဖွင့်မှုရှိပြီး အတူ အောင်မြင်မှုများ ရရှိရေး၊ ဆန်းသစ်တီထွင်မှု၊ သက်ညှာထောက်ထားမှုနှင့် အပြန်အလှန် နည်းယူလေ့လာရေး ရှိသော မိတ်ဖက် ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio