• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး၏ အနှစ်သာရကို တစ်ဆင့်တိုးချဲ့မည်ဟု အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်ကြီးဆို

(GMT+08:00) 2018-05-06 12:33:10

အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို၏ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၆ရက်နေ့မှ ၈ရက်နေ့အထိ အင်ဒိုနီးရှားတွင် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းခရီးစဉ်အတွင်း လီခေ့ချန်သည် ဂျာကာတာတွင် ရုံးစိုက်ထားသော အာဆီယံ အတွင်းရေးမှူးဌာနကို ခရီးလှည့်လည်ပြီး တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် ၁၅နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ် လှုပ်ရှားမှုများ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တရုတ်-အာဆီယံ ဆက်ဆံမှု၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ကြမည် ဖြစ်ကြောင်း သိရသည်။

အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟွမ်ရှီးလျန်က စီအာအိုင် သတင်းထောက် နှင့်တွေဆုံရာတွင် တရုတ်နှင့် အာဆီယံတို့သည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် ရေး၏အနှစ်သာရကို တစ်ဆင့်တိုးချဲ့ပြီး ပိုမိုများပြားသည့် ဒေသတွင်း အနက်အဓိပ္ပါယ်နှင့် ဂလိုဘယ် အနက်အဓိပ္ပါယ် ရှိသော မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုကို ဖန်တီးပေးမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

 

   Webradio