• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှား လွှတ်တော် ဥက္ကဋ္ဌ ထောင်ဒဏ်ကျခံ

(GMT+08:00) 2018-04-27 14:51:17

မကြာခင်က ဂျာကာတာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး တရားရုံးသည် အာဏာ အလွဲသုံးစားမှုနှင့် တရားမဝင် အကျိုးစီးပွား ရရှိခြင်းဖြင့် အင်ဒိုနီးရှား လွှတ်တော် ဥက္ကဋ္ဌ စက်ယာ နိုဗန်တိုကို ထောင်ဒဏ် ၁၅နှစ် ကျခံရမည် ဖြစ်ကာ ထောင်မှ ထွက်ပြီး ၅နှစ်အတွင်း အစိုးရ ဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ရမည်မဟုတ်ဟု စီရင်ဆုံးဖြတ်ခဲ့ ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းသည် စက်ယာ နိုဗန်တို အနေနှင့် ဒုတိယ အကြိမ် အဖြစ် အဂတိ လိုက်စားမှု ကျူးလွန်သည်ဟု သံသယဖြစ်သော်လည်း ပထမဆုံး အကြိမ် ထောင်ဒဏ်ကျခံရခြင်း ဖြစ်ကြောင်း၊ ၂၀၁၅ခုနှစ်က ၄င်းသည် အမေရိကန် ကုမ္ပဏီတစ်ခုမှ အစုရှယ်ယာတောင်း သည်ဟု သံသယဖြစ်သောကြောင့် လွှတ်တော် ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်ခဲ့ကြောင်း၊ သို့သော် တစ်နှစ်ကြာပြီး အပြစ်ကို လွှတ်မြောက်ကာ လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ပြန်လည် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

စက်ယာ နိုဗန်တိုသည် အမေရိကန် ဒေါ်လာ သန်း၄၄၀ဖိုးရှိသော အင်ဒိုနီးရှား E-IDကတ် အစီအစဉ်တွင် လာဘ်စားမှု ကျူးလွန်ခဲ့ကြောင်း၊ လာဘ်စားမှု ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း၁၅၀ရှိပြီး ၄င်းအစီအစဉ် စုစုပေါင်း ပမာဏ၏ ၃ပုံ၁ပုံ ဖြစ်ကြောင်း၊ ၄င်းလာဘ်စားမှုကို ကျူးလွန်သူ ဦးရေမှာ ၈၀ကျော်ရှိပြီး စက်ယာ နိုဗန်တို အပြင်၊ အခြား ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိ ၂ဦးလည်း ပါဝင်ကြောင်း၊ စက်ယာ နိုဗန်တိုသည် အမေရိကန် ဒေါ်လာ ၇သန်း၃သိန်းနှင့် ကန်ဒေါ်လာ ၁သိန်းကျော်ဖိုး ရှိသော လက်ပတ်နာရီ တစ်လုံးကို လာဘ်ယူခဲ့ကြောင်း သိရသည်။

၎င်းလာဘ်ယူမှုသည် အင်ဒိုနီးရှားတွင် အလွန် ဆိုးရွားသော ဂယက်ရိုက်ခတ်မှု ရှိကြောင်း၊ လွှတ်တော် ဥက္ကဋ္ဌ စက်ယာ နိုဗန်တို ထောင်ဒဏ်ကျခံရခြင်းသည် ယခုအကြိမ် အင်ဒိုနီးရှား အစိုးရ အနေနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ ပြတ်သားသော စိတ်ပိုင်းဖြတ်ချက်ကို ပြဆိုနေကြောင်း အကဲခတ်များက ယူဆကြသည်။

   Webradio