• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ယန်စီမြစ် စီးပွါးရေးဇုန် ဖွံ့ဖြိုးမှု ဆွေးနွေးပွဲ ကြီးမှူး ကျင်းပ

(GMT+08:00) 2018-04-27 09:24:17

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၆ ရက်နေ့က ဟူပေပြည်နယ် ဝူဟန့်မြို့၌ ယန်စီမြစ် စီးပွါးရေးဇုန် ဖွံ့ဖြိုးမှု ဆွေးနွေးပွဲကို ကြီးမှူးကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ခေတ်သစ်တွင် ယန်စီမြစ် စီးပွါးရေးဇုန် ဖွံ့ဖြိုးမှုကို တွန်းအားပေးစဉ်၌ ဖွံ့ဖြိုးမှု အတွေးအခေါ်သစ်၊ တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံခြင်း၊ ပတ်ဝန်းကျင် ထိန်းသိန်းရေးမူကို စွဲကိုင်ရမည် ဖြစ်ပြီး၊ ပြုပြင်ပြောင်းလဲမှု၊ ဆန်းသစ်တီထွင်မှုနှင့် စီမံခန့်ခွဲမှုများကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပြီး စီးပွါးရေး အရည်အသွေး မြင့်မားစွာ တိုးတက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ယန်စီမြစ် စီးပွါးရေးဇုန်သည် တရုတ်ပြည် အရှေ့၊ အလယ်၊ အနောက်ပိုင်း ဒေသမှ ပြည်နယ်နှင့် ဗဟိုမှ တိုက်ရိုက်အုပ်ချုပ်သောမြို့ ၁၁ ခု ဖုံးလွှမ်းပြီး၊ လူဦးရေနှင့် စီးပွါးရေး ပမာဏ နှစ်ခုစလုံးမှာ တစ်ပြည်လုံး စုစုပေါင်းပမာဏ၏ ၄၀ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရပါသည်။

   Webradio