• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ယန်ဇီမြစ်ကို ကွင်းဆင်းလေ့လာ

(GMT+08:00) 2018-04-26 14:08:32

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၅ရက်နေ့က သင်္ဘောစီးပြီး ယန်ဇီမြစ်ကို ကွင်းဆင်းလေ့လာခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ရှီကျင့်ဖိန်သည် ယန်ဇီမြစ် တလျှောက်လုံးရှိ သဘာဝ ပတ်ဝန်းကျင်နှင့် တလျှောက်လုံး ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေး အခြေအနေကို လေ့လာကြည့်ရှု ရာတွင် ယန်ဇီမြစ် ရေကြောင်း ပြုပြင်ရေး၊ မြစ်ရေ စီးဆင်းမှု အခြေအနေ ထိန်းချုပ်မှုနှင့် မြစ်ကမ်း ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်း၊ တရားမဝင် ဆိပ်ကမ်းများ ပြန်လည်ပြုပြင်ရေး စသည့် အကြောင်းအရာများ ဆိုင်ရာ အစီရင်ခံခြင်းကို ကြားနာခဲ့ကြောင်း၊ ရှီကျင့်ဖိန်က ယန်ဇီမြစ် စီးပွားရေး စင်္ကြန် ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီး၍ ခြေလှမ်းမှန်မှန်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio