• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆိုရှယ်လစ်ကျေးရွာသစ်(သို့မဟုတ်) လျူကျန်းဟူရွာသို့တစ်ခေါက်

(GMT+08:00) 2018-04-25 17:12:50

 

 

 

 

လျူကျန်းဟူ( Liu Zhuang Hu Village)ရွာ။ တည်ရှိတာက စွန့်ယိ (shun yi)ခရိုင် လုံဝမ်ထွန်(Long Wan Tun)မြို့နယ်မှာပါ။ ဒီရွာလေးကိုသွားရောက်ဖို့ အကြောင်းဖန်လာ တာကတော့ ဧပြီလ(၂၀)ရက်နေ့က အဲဒီမှာပြုလုပ်တဲ့ ပြည်တွင်းပြည်ပချစ်ကြည်ရေး သစ် တောသစ်ပင်စိုက်ပွဲတော်ကို ပါဝင်လှုပ်ရှားဖို့ဖြစ် ပါတယ်။ ကျွန်တော်နေတဲ့ အလုပ်ဌာနက နေဆိုရင် ဒီရွာကလေးကိုရောက်ဖို့ တစ်နာရီခွဲ နှစ်နာရီလောက် ကားစီးရတယ်။ အချိန်တိတိ ကျကျမပြောနိုင်တာကတော့ လမ်းမှာကားကျပ်တဲ့အတွက်ကြောင့်ပါ။ ကျွန်တော်တို့ အလုပ် ဌာနကနေ နိုင်ငံခြားသားဝန်ထမ်း(၆)ဦးပါဝင်ခွင့်ရခဲ့ပါတယ်။

           ကျနော်တို့ ပီကင်းမြို့ကအထွက် အဲဒီ မြို့နယ်ကို အ၀င်မှာပဲ မြင်ကွင်းပြောင်း သွားတာကို သတိထားလိုက်မိတယ်။ မြို့အတွင်းနှင့်မတူပဲ ပတ်ဝန်းကျင်တစ်ခိုမှာ တော တောင်တွေနှင့်စိမ်းစိုနေတဲ့အပင်စိမ်းစိမ်းတို့က မြင်ကွင်းသစ်ကိုဖြစ်ပေါ်စေပါတယ်။ ကျွန်တော်တို့အဖွဲ့ဟာ ရွာကလေးကို ကျော်ပြီး သစ်ပင်စိုက်ပွဲတော်ပြုလုပ်မယ့် စိုက်ကွင်းထဲ ကို ဆက်သွားလိုက်တယ်။ စိုက်ပျိုးရေးခြံအ၀င်က မုဒ်ဦးက ခန့်ညားစွာနှင့် ကျနော်တို့ကို ဆီးကြိုနေတယ်။ အဲဒီမုဒ်ဦးကတစ်ဆင့် ၀င်သွားလိုက်တာနဲ့ဘေးဘယ်ညာတစ်ခိုမှာ ညီညာ စီရီစွာနှင့် စိမ်းစိုနေတဲ့ စိုက်ခင်းတွေကို တွေ့ရပါတယ်။ စိုက်ပျိုးထားတဲ့အပင်တွေက ချယ်ရီ ပင်တွေပါ။  စိုက်ပျိုးထားတာစနစ်ကျသလို ရှင်သန်ဖြစ်ထွန်းနေတာက တကယ့်ကိုလှပတဲ့ ရှုခင်းပဒေသာတစ်ခုကို ဖန်တီးပေးနေပါတယ်။ ဒီစိုက်ခင်းရဲ့ ဧရိယာက ဧကတစ်ထောင်ရှိ တယ်လို့ အ၀င်မုဒ်ဦးက မှတ်တမ်းကျောက်စာမှာရေးထိုးတာတွေ့ပါတယ်။

          ဒီစိုက်ခင်းအကျော် စုရပ်ကို ကျွန်တော်တို့အဖွဲ့ရောက်တော့ ကျွန်တော်တို့လိုပဲ သစ်ပင်စိုက်ပွဲတော်ကို ပါဝင်ကြမယ့်အခြားအဖွဲ့အစည်းတွေလည်း ရောက်နေကြပါပြီ။ အဲဒီ ကနေတစ်ဆင့် သစ်ပင်စိုက်မယ့် တောင်ပေါ်ကိုတက်ကြရတယ်။ တောင်ရဲ့နာမည်က ယန်ယန်(Yan Yan)တောင်လို့ သိရတယ်။ တောင်ကို တက်ရာလမ်းတစ်လျှောက်မှာလည်း စိုက်ပျိုးပြီးစ ပင်လယ်ကဗွီးပင်တွေက အစီအရီပါပဲ။ တောင်က အရမ်းမမတ်စောက်လှသ လို အရမ်းလည်းမပြေလှပါဘူး။ ဒါပေမယ့် တက်ရတာက နည်းနည်းလေးရှည်တော့ တောင်ပေါ်လည်းရောက်ရော လူတွေအားလုံးရဲ့မျက်နှာမှာ ချွေးတွေစို့ကြပြီ။ ဒီတောင်ပေါ် မှာ သဘာဝအရ ပေါက်ရောက်နေတဲ့အပင်သိပ်မတွေ့ရပဲ တောင်ကတုံးလိုဖြစ်နေပါတယ်။ အဲဒီ အတွက် ကြောင့်လည်း ဒီတောင်ပေါ်မှာ သစ်ပင်တွေစိုက်ဖို့ ဆောင်ရွက်တာဖြစ်မှာပါ။

       အခုပြုလုပ်တဲ့ ပြည်တွင်းပြည်ပချစ်ကြည်ရေးသစ်တောသစ်ပင်စိုက်ပွဲတော်ကို ပါဝင်ဖို့ တက်ရောက်လာသူတွေကလည်း လူတစ်ရာနီးနီးတော့ ရှိမယ်ထင်ပါတယ်။ အဖွဲ့ အစည်းတွေကလည်း စုံပါတယ်။ ဦးဆောင်ပြုလုပ်အဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေက ဒီပွဲတော် ပြုလုပ်ရတဲ့ရည်ရွယ်ချက်တွေကို အသီးသီးရှင်းပြကြတယ်။ အဲဒီနောက် တက် ရောက်လာသူတွေက ကိုယ့်အစုအဖွဲ့အလိုက် သစ်ပင်တွေကို စုပေါင်းစိုက်ပျိုးခဲ့ကြတယ်။ ဒီလိုအပင်တွေစုပေါင်းစိုက်ကြရင်းနှင့် တစ်ယောက်နှင့် တစ်ယောက် မိတ်ဆက်ကြ၊ သူ့နိုင်ငံ ကိုယ့်နိုင်ငံအကြောင်း ပြောကြဆိုကြနဲ့။ တခဏချင်းပဲ တစ်ယောက်နှင့် တစ်ယောက် ရင်းနှီး ချစ်ကြည်မှုတွေရသွားတယ်။ နိုင်ငံမတူ ဒေသတွေမတူပေမယ့်  တစ်နေရာတည်းမှာ လာ ဆုံတွေ့ပြီး အလုပ်အကြောင်းမေးမြန်းကြ၊ အမြင်တွေဖလှယ်ကြနဲ့ တကယ့်ကို ပျော်စရာ ကောင်းလှပါတယ်။ ဒီလှုပ်ရှားမှုကို အမည်ပေးထားတဲ့အတိုင်း ပြည်တွင်းပြည်ပချစ်ကြည် သစ်တောဆိုတဲ့အတိုင်း ဒီသစ်ပင်စိုက်ပွဲတော်မှာ ပြည်တွင်းပြည်ပက ၀န်ထမ်းတွေအချင်း ချင်း ချစ်ကြည်ရင်းနှီးမှုတွေ ရရှိခဲ့ကြရတယ်။

ဒီလို ချစ်ကြည်ရင်းနှီးမှုတွေ တိုးပွားစေတဲ့ သစ်ပင်စိုက်ပွဲတော်မှာ ကျွန်တော့် အနေနဲ့လည်း ပါဝင်ခွင့်ရတဲ့အတွက် တကယ်ဝမ်းသာပီတိဖြစ်ရပါတယ်။ မြန်မာဆိုရိုးစကား တစ်ခုရှိတယ်။ "တစ်သက်လုံး စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်"တဲ့။ အခု  ဒီသစ်ပင်စိုက်ပွဲ တော်မှာ ကျွန်တော် သစ်ပင်တွေ စိုက်ခွင့်ရခဲ့တယ်။ ဒီလို စိုက်ခွင့်ရခဲ့တာဟာ  တရုတ်ပြည် မှာရှိတဲ့ ပြည်သူတွေအတွက် စိုက်ခွင့်ရခဲ့တာပါ။ အဲဒီပြည်သူတွေ ထာဝရအေးချမ်းဖို့ အတွက် သစ်ပင်လေးတွေကို စိုက်ပျိုးပေးခဲ့တာပါ။ ဒါကကိုက ကျွန်တော့်အတွက် ၀မ်းသာ ပျော်ရွှင်မှုတွေကို ဖြစ်စေခဲ့တယ်။ ဒီသစ်ပင်စိုက်ပွဲတော်ကနေ မြင်တွေ့ခဲ့ရတဲ့အချက် တစ်ခု ကတော့  အစိုးရရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံချက် အကောင်အထည်ဖော်မှု ကိုထိထိရောက်ရောက်လိုက်ပါဆောင်ရွက်နေကြတာပါပဲ။ ဒါဟာ နိုင်ငံသားကောင်း တွေရဲ့ စိတ်ဓာတ်ကို ပြသနေတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဒီလို အစိုးရရဲ့ကောင်းမွန်တဲ့မူဝါဒ တွေအောက်မှာ ပြည်သူတွေအားလုံးက လိုက်ပါအကောင်အထည်ဖော်နိုင်မှုတွေကြောင့် ပြီးခဲ့တဲ့ (၅)နှစ်အတွင်းမှာ ဂေဟစနစ် ပတ်ဝန်းကျင်အခြေအနေဟာ ပြန်လည် ကောင်းမွန် လာပြီး အဓိကအားဖြင့် ပတ်ဝန်းကျင်ကိုထိခိုက်စေမယ့် ညစ်ညမ်းပစ္စည်း ထုတ် လုပ်မှု တွေကို လျော့နည်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၅)နှစ်အတွင်း သစ်တောဧရိယာအနေ နဲ့လည်း ဟက်တာပေါင်း(၁၀.၈၇)သန်း တိုးလာခဲ့တာကိုတွေ့ရပါတယ်။ ဒါတွေဟာ ပြည်သူတွေအား လုံးရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို လေးစားလိုက်နာဆောင်ရွက်နိုင်ခဲ့ခြင်းရဲ့ အကျိုးရလဒ် တွေလို့ဆိုချင်ပါတယ်။

ကျွန်တော်တို့အဖွဲ့ဟာ သစ်ပင်စိုက်ပွဲတော်အပြီး နေ့လည်ပိုင်းမှာ ဌာနကို ပြန် လာခဲ့ကြတယ်။ မပြန်ခင်လေးမှာတော့ လျူကျန်းဟူ ( Liu Zhuang Hu Village)ရွာမှာရှိတဲ့ ဆိုရှယ်လစ်ကျေးရွာသစ်ပြတိုက်ကို ၀င်ရောက်လေ့လာဖြစ်ခဲ့ပါသေးတယ်။ ဒီပြတိုက်မှာ ပြသထားတာတွေကတော့ ရှေးခေတ်က အသုံးပြုတဲ့ လက်နက်တွေ၊ အသုံး အဆောင်တွေ၊ ဒီဘက်ခေတ် တရုတ်ပြည်သူတွေရဲ့ အလုပ်ကြိုးစားအားထုတ်ခဲ့မှုတွေကို ပြသနေတဲ့ ရုပ်ကြွ တွေ၊ ပန်းချီတွေ၊ နောက်တစ်ခါ ထူးချွန်ဂုဏ်ပြုလက်မှတ်တွေနှင့် ပြတိုက်အထွက်မှာတော့ ရွာသူရွာသားတွေရဲ့ ပုံတွေကို စုစည်းဖော်ပြထားတဲ ဓာတ်ပုံတွေကို တွေ့မြင်ခဲ့ရပါတယ်။ ဒါက ကျွန်တော်မြင်တွေ့ခဲ့ရတဲ့အရာဝတ္ထုတွေကို ပြောပြခြင်းသာ။ ဒီအရာတွေနှင့်အတူ ဖြစ်ပေါ်လာတဲ့ ကျွန်တော့်အတွေး ကျွန်တော့်အမြင်တွေကတော့ မဖော်ပြတတ်အောင်ဖြစ် နေခဲ့ရတယ်။ အားလုံးခြုံပြောရရင်တော့ ကျွန်တော့်အတွက်အရာအားလုံးက လေးစား အတုယူအားကျစရာတွေချည်းပါပဲ။ ဒီပြတိုက်ဟာ ဒီရွာကလေးရဲ့ပြရုပ်ကို ဖော်ပြနေသလို ခရီးသွားလုပ်ငန်းအတွက်လည်း အရေးပါနေပါတယ်။ ဒါဟာလည်း အစိုးရရဲ့ ကောင်းမွန်တဲ့ စီမံချက်တစ်ခုသာဖြစ်တယ်ဆိုတာ တွေ့မြင်ခဲ့ရပါတယ်။သေချာတာတစ်ခုကတော့ ဒီရွာကလေးဟာ တစ်ချိန်မှာ တောတောင်စိမ်းစိမ်းနှင့် တကယ့်ကို လှပချစ်ခင်စရာ ခရီးသွားတို့ ပျော်စံရာ ဒေသနေရာ လေးတစ်ခု ဖြစ်လာဦးမှာ ဆိုတာပါပဲ။  

 

                                              အောင်မာန်(ဆော)

                                               ၂၅-၄-၂၀၁၈

   Webradio