• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင် ရင်းနှီးမြှုပ်နှံရေး အခြေအနေ ကောင်းမွန်အောင် ဆောင်ရွက်

(GMT+08:00) 2018-04-25 16:20:19

ယခုလ အာရှ ဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်သော စာရင်းတစ်ရပ်တွင် ယခုနှစ်တွင် ဖိလစ်ပိုင်၏ ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်းတန်ဖိုး တိုးနှုန်းမှာ ၆့၈ရခိုင်းနှုန်း ရှိမည်ဖြစ်ပြီး ၂၀၁၉ခုနှစ်တွင် ၆့၉ရာခိုင်နှုန်း ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ ၂၀၁၇ခုနှစ်က ၄င်းကိန်း ဂဏန်းသည် ၆့၇ရာခိုင်နှုန်း ဖြစ်ကြောင်း ဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

လွန်ခဲ့သည့် ၂နှစ်အတွင်း ဖိလစ်ပိုင်သည် အရှေ့တောင် အာရှ နိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှု အရှိန် အမြင့်ဆုံး စီးပွားရေး အုပ်စု ဖြစ်လာပြီ ဖြစ်ကြောင်း၊ အကြောင်းရင်း များစွာ ရှိကြောင်း၊ ပထမ အချက်က နိုင်ငံခြားရောက် ဖိလစ်ပိုင် အလုပ်သမားများသည် ဖိလစ်ပိုင်သို့ ငွေများစွာ လွှဲပို့ခြင်းကြောင့် ဖြစ်ကြောင်း၊ ဒုတိယ အချက်ကတော့ ဖိလစ်ပိုင် ပြည်တွင်း အခြေခံ အဆောက်အအုံ တည်ဆောက်ရေး အားဖြည့်ဆောင်ရွက်ခြင်းသည် ပြည်တွင်းဝယ်လိုအားကို အားကောင်းစွာ တွန်းအားပေးနေခြင်းကြောင့် ဖြစ်ကြောင်း၊ တတိယ အချက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ ကျားကန်ပေးမှုကြောင့် ဖြစ်ကြောင်း အကဲခတ်များက ယူဆကြသည်။

ဖိလစ်ပိုင် ဗဟိုဘဏ်မှ စာရင်းအရ ၂၀၁၇ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ ဖိလစ်ပိုင်၏ နိုင်ငံခြားမှ ဆွဲဆောင်လာသည့် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၈့၇၂၅ဘီလီယံ ရှိပြီး ၂၀၁၆ခုနှစ် အလားတူ အချိန်ကထက် ၂၀့၁ ရာခိုင်နှုန်း တိုးလာပြီး မူလ လျာထားချက်ထက် ပိုများကြောင်း သိရသည်။

ဖိလစ်ပိုင် ဘဏ္ဍာရေး ဝန်ကြီး ဒိုမင်ကယ်စ်က ဖိလစ်ပိုင်ကို ရင်းနှီးမြှုပ်နှံမှုဖြင့် တွန်းအားပေးသော စီးပွားရေး အုပ်စု ဖြစ်ပြီး ပိုမိုများပြားသော သက်ညှာထောက်ထားမှုရှိပြီး ဆက်တိုက်ပြုနိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရန် ဖိလစ်ပိုင် အစိုးရက မျှော်လင့်ကြောင်း ပြောကြားခဲ့ဖူးပါသည်။

 

   Webradio