• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တံခါးဖွင့်မှုသည် တရုတ်ပြည် အတွက် ချမ်းမြေ့သာယာမှု ဖန်တီးပေးမည်ဟု စင်ကာပူ The Straits Timesသတင်းစာဆို

(GMT+08:00) 2018-04-24 14:18:15

ယခုလ ၁၈ရက်နေ့ထုတ် စင်ကာပူ နိုင်ငံ The Straits Times သတင်းစာမှ "တံခါးဖွင့်မှု တိုးချဲ့ကျင့်သုံးခြင်း တရုတ်ပြည် အတွက် ချမ်းမြေ့သာယာမှု ဖန်တီးပေးမည်" ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြကြောင်း ဆင်ဟွာ သတင်းဌာန ဝက်ဘ်ဆိုက်မှ သတင်းအရ သိရသည်။

၎င်းဆောင်းပါးတွင် တရုတ်ပြည်၏ စီးပွားရေး တံခါးဖွင့်မှုသည် ခေတ်ကာလသစ်တွင် ဝင်ရောက်ခဲ့ပြီ ဖြစ်ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ၂၀၁၈ခုနှစ် ပိုအော် အာရှ ဖိုရမ်တွင် မိန့်ခွန်းပြောကြားရာ၌ တရုတ်ပြည်သည် နိုင်ငံတကာ စီးပွား ကုန်သွယ်ရေး စည်းမျဉ်းဥပဒေများနှင့် ညီညွတ်စေရေးကို အားဖြည့်ဆောင်ရွက်ပြီး ပွင့်လင်းမှုကို တိုးမြှင့်ကာ ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်မှုကို အားဖြည့်ဆောင်ရွက်ပြီး ဥပဒေနှင့် အညီ ဆောင်ရွက်ရေးကို စွဲကိုင်၍ ယှဉ်ပြိုင်မှုကို အားပေးပြီး လက်ဝါးကြီးအုပ်မှုကို ဆန့်ကျင်သည်ဟု ပြောကြားခဲ့ကြောင်း၊ အမေရိကန်မှ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဆိုင်ရာ တင်းမာသည့် ပြောဆိုချက်များကို ဖော်ပြသည့် အခြေအနေမျိုးတွင် တရုတ်ပြည်မှ ယင်းကတိပြုချက်များသည် အားတက်ဖွယ်ရာကောင်းကြောင်း ရေးသား ဖော်ပြသည်။

ထို့အပြင်၊ ၄င်းဆောင်းပါးတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ၄င်းဖော်ပြချက်သည် တရုတ်ပြည် အနေနှင့် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ခေတ်ကာလသစ်တွင် ဝင်ရောက်ရန် လိုအပ်ချက် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တရုတ်ပြည်၏ ငွေသွင်းမှု ပမာဏနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ အလွန်အကျွံ များပြားခြင်း ဖွံ့ဖြိုးတိုးတက်ရေး ပုံစံသည် အခက်အခဲများနှင့် ကြုံတွေ့နေ ရကြောင်း၊ တရုတ်ပြည်သည် ရင်းနှီးမြှုပ်နှံမှုဖြင့် စီးပွားရေး တွန်းအားပေးသည့် ဖွံ့ဖြိုးရေး ပုံစံမှ စားသုံးမှုဖြင့် တွန်းအားပေးသည့် ဖွံ့ဖြိုးရေး ပုံစံ အဖြစ် ပြောင်းလဲနေကြောင်း ရေးသား ဖော်ပြသည်။

   Webradio