• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံ နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးများနှင့်တွေ့ဆုံ

(GMT+08:00) 2018-04-24 11:06:13

   တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယမန်နေ့ ၂၃ ရက်နေ့က ပြည်သူ့ခန်းမဆောင် ကြီး၌ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး များနှင့် တွေ့ဆုံခဲ့သည်ဟုဆင်ဟွာသတင်းအရသိရသည်။

ရှီကျင့်ဖိန်က မနက်ဖြန်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်တိုးချဲ့ပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးများအစည်း အဝေးကို ကျင်းပမည်ဖြစ်ကြောင်း၊ ယခုအကြိမ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြောင်းအရာသစ်နှင့် ရှင်သန်သောစွမ်းအားသစ်ကို ထည့်သွင်းမည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio