• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တိုးတက်မှု တွန်းအားပေးရေးကို ဦးစားပေး သံတမန် ဦးတည်ချက် အဖြစ်ထားနေသည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-04-24 09:05:06

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၃ ရက်နေ့က ပီကင်း၌ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးသို့ တက်ရောက် လာသော နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံ ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တိုးတက်မှု တွန်းအားပေးရေးကို ဦးစားပေး သံတမန် ဦးတည်ချက် အဖြစ် အမြဲ ထားနေကြောင်း၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံများသည် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံ တွန်းအားပေးပြီး နိုင်ငံတကာနှင့် ဒေသရေးရာများတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်နေကာ အပြန်အလှန် လေးစားရေး၊ တရားမျှတရေးနှင့် အပြန်အလှန် အကျိုးရှိစေရေးဆိုင်ရာ အမျိုးအစားသစ် နိုင်ငံတကာ ဆက်ဆံမှု၏ စံနမူနာကောင်းကို ထူထောင်ပါကြောင်း ပြောကြားပါသည်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးကို ယခုနှစ် ဇွန်လတွင် တရုတ်ပြည် ချင်းတောင်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရပါသည်။

   Webradio