• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ပထမ ၃လပတ် ဗီယက်နမ် စီးပွားရေး တိုးနှုန်း လွန်ခဲ့သည့် ၁၀နှစ် အတွင်း အမြင့်ဆုံးဖြစ်

(GMT+08:00) 2018-04-23 14:35:10

ယခုနှစ် ပထမ ၃လပတ်တွင် ဗီယက်နမ် စီးပွားရေး တိုးတက်နှုန်းမှာ ၇့၃၈ရာခိုင်နှုန်း ရှိပြီး လွန်ခဲ့သည့် ၁၀နှစ် အတွင်း အမြင့်ဆုံး ဖြစ်ကြောင်း ဗီယက်နမ် အစိုးရမှ မကြာခင်က ထုတ်ပြန်သော စာရင်းကို ကိုးကား၍ စီအာအိုင်က ရေးသားဖော်ပြသည်။

ထို့အပြင်၊ ၂၀၁၈ခုနှစ် တစ်နှစ်ပတ်လုံးတွင် ဗီယက်နမ် စီးပွားရေး တိုးတက်နှုန်းမှာ ၇့၁ရာခိုင်နှုန်း ရှိမည် ဖြစ်ပြီး ဗီယက်နမ် အစိုးရမှ လျာထားသည့် ၆့၇ရာခိုင်နှုန်း ရည်မှန်းချက်ထက် ပိုမြင့်မည်ဟု ခန့်မှန်းရကြောင်း သိရသည်။

အကဲခတ်များက လွန်ခဲ့သည့် ၁၀နှစ် အတွင်း ဗီယက်နမ် စီးပွားရေး အမြင့်ဆုံး တိုးနှုန်း ဖြစ်လာသည့် အကြောင်းရင်းမှာ ၃ချက် ရှိကြောင်း၊ ပထမ အချက်က ဗီယက်နမ် ကွန်မြူနစ် ပါတီနှင့် အစိုးရ အနေနှင့် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး မူဝါဒကို ခိုင်မာပြတ်သားစွာ စွဲကိုင်ကျင့်သုံးခြင်းကြောင့် ဖြစ်ကြောင်း၊ ဒုတိယ အချက်ကတော့ တရုတ်ပြည်၏ တံခါးဖွင့်မှု ကျင့်သုံးခြင်းကြောင့် ဖြစ်ကြောင်း၊ ၂၀၁၇ခုနှစ်က တရုတ်ပြည်သည် အမေရိကန်ကို အစားထိုးပြီး ဗီယက်နမ်မှ ကုန်စည် တင်သွင်းမှု အများဆုံးသော နိုင်ငံ ဖြစ်လာကြောင်း၊ ၂၀၀၈ခုနှစ်မှ ၂၀၁၇ခုနှစ် အထိ ဗီယက်နမ်မှ တရုတ်ပြည်သို့ ပို့ကုန် ပမာဏမှာ ၁၅ဆခန့် တိုးလာပြီး အမေရိကန် ဒေါ်လာ ၅၀့၆ဘီလီယံ ရှိကြောင်း၊ တတိယ အချက်က ဘေးပတ်ဝန်းကျင် နိုင်ငံများမှ လုပ်ငန်း အဆင့် တိုးမြင့်ခြင်းနှင့် လုပ်ငန်း ဖွဲ့စည်းပုံ ပြောင်းလဲခြင်းများသည် ဗီယက်နမ်၏ အချောကိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်း အတွက် အခွင့်ကောင်းများ ဆောင်ကြဉ်းလာခဲ့ခြင်းကြေင့် ဖြစ်ကြောင်း ယူဆကြသည်။

   Webradio