• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပြည်လုံးဆိုင်ရာ အင်တာနက် ရေးရာ အစည်းအဝေးတွင် ရှီကျင့်ဖိန် အရေးကြီး မိန့်ခွန်းပြောကြား

(GMT+08:00) 2018-04-22 12:17:54

တရုတ် ပြည်လုံးဆိုင်ရာ အင်တာနက် ရေးရာ အစည်းအဝေးကို ယခုလ ၂၀ရက်နေ့မှ ၂၁ရက်နေ့အထိ ပီကင်းတွင် ကျင်းပခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ တရုတ် ပြည်လုံးဆိုင်ရာ အင်တာနက် ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၄င်းအစည်း အဝေးသို့ တက်ရောက်ရာ အရေးကြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့မိန့်ခွန်းပြောကြားရာတွင် ရှီကျင့်ဖိန်က အင်တာနက်သည် တရုတ် အမျိုးသား အတွက် မကြုံစဖူးသော အခွင့်ကောင်း ဆောင်ကြဉ်းလာကြောင်း၊ မိမိတို့သည် အင်တာနက် ဖွံ့ဖြိုးတိုးတက်ရေးမှ သမိုင်းဝင် အခွင့်ကောင်းကို လက်မလွတ်ဘဲ ကောင်းမွန်သော အင်တာနက် ဖြန့်ချိမှုကို အားဖြည့်ဆောင်ရွက်ပြီး အင်တာနက် လုံခြုံရေးကို ထိန်းသိမ်း ကာကွယ်ကာ အင်တာနက် နယ်ပယ်တွင် အမြုတေ နည်းပညာ တိုးတက်မှုကို ရရှိရန် တွန်းအားပေး၍ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အင်တာနက်မှ ဦးဆောင်မှု အခန်းကဏ္ဍကို ဖော်ထုတ်ရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ရှီကျင့်ဖိန်က မိမိတို့သည် အင်တာနက် ဆိုင်ရာ နိုင်ငံတကာ စီမံခန့်ခွဲမှု ဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ပြီး ကိုယ်ပိုင်တီထွင်ဆန်းသစ်မှုဖြင့် အင်တာနက် လုပ်ငန်း ထွန်းကားသည့် နိုင်ငံ တည်ဆောက်ရေးကို တွန်းအားပေးကာ အတော်အတန် ချမ်းသာ သည့် လူ့ဘောင် အဖွဲ့အစည်း ဘက်စုံတည်ဆောက်ပြီးစီးခြင်း အဆုံးသတ် အောင်ပွဲနှင့် ခေတ်သစ် တရုတ် ဝိသေသထူးခြားချက်ပါ ဆိုရှယ်လစ်၏ ကြီးမြတ်သော အောင်မြင်မှု ဆွတ်ခူးရရှိရန်အတွက်ရော၊ တရုတ် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သော တရုတ် အိပ်မက်ကို အကောင်အထည်ဖော်ရန် အတွက်ပါ အကျိုးပြု စွမ်းဆောင်မှုသစ်များကို ပြုလုပ်ရမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

   Webradio