![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
ဧပြီလ ၁၈ရက်နေ့သည် တရုတ် ရိုးရာ သက္ကရာဇ် ၃လ ၃ရက်နေ့ ဖြစ်ပြီး တရုတ် ကျွမ့်လူမျိုး ရိုးရာ "၃လ၃ရက်နေ့" ပွဲတော်နေ့လည်း ဖြစ်ကြောင်း၊ ထိုနေ့က ဗီယက်နမ် နိုင်ငံ ဟနွိုင်း ယဉ်ကျေးမှု တက္ကသိုလ်တွင် တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံ ပြည်သူများသည် အဆိုအကများဖြင့် ၄င်းရိုးရာပွဲတော်နေ့ကို အတူနွှဲပျော်ကြကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။
"၃လ၃ရက်နေ့" ပွဲတော်သည် ကျွမ့်လူမျိုး ဒေသတွင် အကြီးကျယ် ခမ်းနားဆုံး ရိုးရာပွဲတော် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကျွမ့်လူမျိုးဦးရေမှာ ၁၉သန်းကျော်ရှိပြီး တရုတ်ပြည်တွင် လူဦးရေ အများဆုံးသော တိုင်းရင်းသား လူမျိုးစု ဖြစ်ကြောင်း၊ ကျွမ့်လူမျိုး ပြည်သူများသည် တရုတ်ပြည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် အနီး ပတ်ဝန်းကျင် ပြည်နယ်နှင့်မြို့များတွင် မှီတင်းနေထိုင်ကြကြောင်း၊ ထို့အပြင်၊ အရှေ့ တောင်အာရှ နိုင်ငံများတွင်လည်း ကျွမ့်လူမျိုး အနွယ်ဖွားများ ရှိကြောင်း သိရသည်။
ထိုနေ့က ၂၀၁၈ခုနှစ် ကွမ်ရှီး "၃လ၃ရက်နေ့" ယဉ်ကျေးမှု ပိုးလမ်းမကြီး ခရီး လှုပ်ရှားမှုကို ဗီယက်နမ် ဟနွိုင်း ယဉ်ကျေးမှု တက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း၊ ယင်းလှုပ်ရှားမှုတွင် တိုင်းရင်းသား အဆိုအက ပဒေသာကပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ဗီယက်နမ် နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ယဉ်ကျေးမှု သံမှူး ဖုန်ရှိထွမ်က ယခုအကြိမ် ကွမ်ရှီး "၃လ၃ရက်နေ့" ယဉ်ကျေးမှု ပိုးလမ်းမကြီး ခရီး လှုပ်ရှားမှုကို ဗီယက်နမ်တွင် ကျင်းပပြီး နှစ်နိုင်ငံ ပြည်သူများ အတူ နွှဲပျော်ကြခြင်းသည် နှစ်နိုင်ငံ ပြည်သူများ အကြား အပြန်အလှန် သိရှိနားလည်မှုကို တိုးပွားစေပြီး နှစ်နိုင်ငံ အကြားရှိ အစဉ်အလာ ချစ်ကြည်မှုကို ခိုင်မာစေမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။
ယခုတွင် "ကျွမ့်လူမျိုး ၃လ၃ရက်နေ့" ရိုးရာ ဓလေ့ထုံစံကို တရုတ် နိုင်ငံတော်အဆင့် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် အမည်စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း သိရသည်။