• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-လာအို ရထားလမ်း ဖောက်လုပ်ရေးသည် လာအို တောင်တန်းဒေသ ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေး

(GMT+08:00) 2018-04-18 14:18:36

ဧပြီလ အလယ်ပိုင်းသည် လာအို နိုင်ငံအတွက် ပူအိုက်လှသည့် နွေကာလ ဖြစ်ကြောင်း၊ လာအို အလယ်မြောက်ပိုင်း တောင်တန်းဒေသက ရွာသူရွာသားများသည် သင်္ကြန်ပွဲကို နွှဲပျော်ကြသည့် တစ်ချိန်တည်းတွင် ဒေသခံ လာအို အလုပ်သမားနှင့် တရုတ် အလုပ်သမားများ ကတော့ တရုတ်-လာအို ရထားလမ်း ဖောက်လုပ်ရေး အတွက် ချွေးသုတ်ပြီး ကြိုးပမ်းဆောင်ရွက်နေကြကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။

တရုတ်ပြည် ရထားလမ်း ဖောက်လုပ်ရေး  ကုမ္ပဏီ အုပ်စု(၈)က တာဝန်ယူ ဖောက်လုပ်နေသည့် တရုတ်-လာအို ရထားလမ်း တတိယပိုင်း လုပ်ငန်း အစီအစဉ်၏ စုစုပေါင်း အရှည်မှာ ၅၉ကီလိုမီတာ ရှိကြောင်း၊ ယင်း ၅၉ကီလိုမီတာ ရှည်လျားသည့် ရထားလမ်း တလျှောက်တွင် ဥမင် ၁၅ခုနှင့် တံတား ၂၈စင်းရှိပြီး အရှည်၏ ၈၂့၃ရာခိုင်နှုန်း ရှိကြောင်း၊ ထို့ကြောင့် ရထားလမ်း ဖောက်လုပ်ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ရန်နှင့် ရထားလမ်း ဖောက်လုပ်ရန် အခက်အခဲ များစွာ ကြုံတွေ့ရကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်းသည် နှစ်နိုင်ငံ ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များမှ ဆုံးဖြတ်ပြီး တွန်းအားပေးထားသော အရေးကြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်း အစီအစဉ် ဖြစ်ပြီး တရုတ်နှင့် လာအို နှစ်နိုင်ငံကို ဆက်စပ် ပေးထားသော အရေးကြီး အခြေခံ အဆောက်အအုံ ဖြစ်ကာ ပဲန်အာရှ ရထားလမ်း၏ အရေးကြီး အစိတ်အပိုင်းလည်း ဖြစ်ကြောင်း၊ တရုတ်-လာအို ရထားလမ်းသည် တရုတ်-လာအို နယ်စပ်ဒေသမှ လာအို နိုင်ငံ ဗီယင်ကျမ်းမြို့တော်အထိ ပေါက်ရောက်မည် ဖြစ်ကြောင်း၊ ၄င်းရထားလမ်းကို တရုတ် နည်းပညာ စံချိန်စံနှုန်းဖြင့် တရုတ် ပစ္စည်း ကိရိယာများကို အသုံးပြု ဖောက်လုပ်ခြင်း ဖြစ်ကြောင်း၊ တရုတ်-လာအို ရထားလမ်း၏ စုစုပေါင်း အရှည်မှာ ၄၁၄ကီလိုမီတာ ရှိကြောင်း၊ ဖောက်လုပ်ရေး လုပ်ငန်းကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလက စတင် ဆောင်ရွက်ပြီး ၅နှစ်ကြာ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

   Webradio