• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟိုင်နန်ပြည်နယ်နှင့် ဟိုင်နန် အထူး စီးပွားရေးဇုန် တည်ထောင်ခဲ့သည့် နှစ် ၃၀ပြည့် အထိမ်းအမှတ် အစည်းအဝေးတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် အရေးကြီး မိန့်ခွန်းပြောကြား

(GMT+08:00) 2018-04-13 19:25:02

ယခုလ ၁၃ရက်နေ့သည် ဟိုင်နန်ပြည်နယ်နှင့် ဟိုင်နန် အထူး စီးပွားရေးဇုန် တည်ထောင်ခဲ့သည့် နှစ် ၃၀ပြည့်မြောက်နှစ် အထိမ်းအမှတ်နေ့ ဖြစ်သည်။

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဟိုင်နန်ပြည်နယ်နှင့် ဟိုင်နန် အထူး စီးပွားရေးဇုန် တည်ထောင်ခဲ့သည့် နှစ် ၃၀ပြည့် အထိမ်းအမှတ် အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်းပြောကြားရာတွင် ဟိုင်နန်ပြည်နယ်တွင် ပြုပြင်ပြောင်းလဲ မှုနှင့်တံခါးဖွင့်မှု တွန်းအားပေးရေးကို အားပေးထောက်ခံကြောင်း အလေးထားပြောကြား သည့်အပြင်၊ တရုတ်ပြည်သည် ဟိုင်နန်တွင် လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန်နှင့် လွတ်လပ်သော ကုန်သွယ်ရေး ဆိပ်ကမ်းကို တည်ဆောက်ရန် စီစဉ်ထားကြောင်းလည်း ပြောကြားသည်။

ထို့အပြင်၊ ရှီကျင့်ဖိန်က ဟိုင်နန်တွင် နိုင်ငံတကာ စွမ်းအင်၊ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ကုန်ပစ္စည်းကြီးများ ရောင်းဝယ်ရေး ဌာနကို တည်ဆောက်ရန် အားပေးထောက်ခံကြောင်း၊ တစ်ကမ္ဘာလုံးမှ ရင်းနှီးမြှုပ်နှံသူများအား ဟိုင်နန်တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပြီး လွတ်လပ်သော ကုန်သွယ်ရေး ဆိပ်ကမ်း တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ရန် ကြိုဆိုကြောင်းလည်း ပြောကြားသည်။

   Webradio