• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ငွေကြေး ဝန်ဆောင်မှု ဆိုင်ရာ အပြန်အလှန် ဆက်သွယ်ရေးသည် စင်ကာပူ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး အဓိက နယ်ပယ် ဖြစ်လာပြီဟု စင်ကာပူ ဝန်ကြီးချုပ်ဆို

(GMT+08:00) 2018-04-13 14:30:45

စင်ကာပူ ဝန်ကြီးချုပ် လီရှိန်လွန်က ယခုလ ၁၂ရက်နေ့က တရုတ်ပြည် ရှန်ဟိုင်း မြို့တွင် ၂၀၁၈ခုနှစ် DBS Asian Insights ဖိုရမ်တွင် ငွေကြေး ဝန်ဆောင်မှု ဆိုင်ရာ အပြန်အလှန် ဆက်သွယ်ရေးသည် စင်ကာပူ-တရုတ် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးမှ အဓိက နယ်ပယ် ဖြစ်လာပြီ ဖြစ်ကြောင်း၊ စင်ကာပူသည် တရုတ် ယွမ်ငွေကို နိုင်ငံတကာသုံး ဖြစ်စေရေး အပေါ် အင်တိုက်အားတိုက် အားပေးထောက်ခံကြောင်း၊ စင်ကာပူနှင့် တရုတ် နှစ်နိုင်ငံ လက်တွဲ တွန်းအားပေးနေသော နှစ်ဖက်နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း အစီအစဉ်များသည် နှစ်နိုင်ငံ ကုမ္ပဏီနှင့် အာရှ ဒေသ အတွက် ပိုမိုများပြားသော အခွင့်အလမ်းများကို ဖန်တီးပေးမည် ဖြစ်ကြောင်း ပြောကြားသည်ဟု တရုတ် သတင်းဌာနက ရေးသားဖော်ပြသည်။

လီရှိန်လွန်သည် လွန်ခဲ့သည့် နှစ်များတွင် စင်ကာပူ-တရုတ် အကြားရှိ နွေးထွေးသော ဆက်ဆံမှုကို ပြန်လည်သုံးသပ်ခဲ့ကြောင်း၊ ၄င်းက လက်ရှိအချိန်တွင် စင်ကာပူ ကုမ္ပဏီများသည် တရုတ်ပြည်တွင် အနှံ့အပြား ရှိနေကြောင်း၊ တရုတ်ပြည်သည် စင်ကာပူ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သလို စင်ကာပူတွင် နိုင်ငံခြား ခရီးသည်များ၌ တရုတ် ခရီးသည်ဦးရေ အများဆုံးလည်း ဖြစ်ကြောင်း၊ တရုတ်ပြည်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ၌ စင်ကာပူမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အများဆုံး ဖြစ်သလို စင်ကာပူသည် ပြည်ပတွင် မှတ်ပုံတင်ထားသော တရုတ် ယွမ်ငွေ စာရင်းရှင်း စင်တာများ အနက် တစ်ခု အပါအဝင် ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ၄င်းက ၂၀၁၆ခုနှစ် ဇွန်လက စင်ကာပူ ငွေကြေး စီမံကွပ်ကဲရေး ဌာနသည် တရုတ်ယွမ်ငွေကို စင်ကာပူ၏ နိုင်ငံခြား အရန်ငွေများတွင် ထည့်သွင်းခဲ့ကြောင်း၊ ယင်းသည် တရုတ် ယွမ်ငွေ၏ အရေးကြီးပုံကို အသိအမှတ်ပြုခြင်းရုံ သာမကဘဲ တရုတ် ယွမ်ငွေ၏ အနာဂတ်ရေး အပေါ် မိမိတို့၏ ယုံကြည်မှုကို ဖော်ပြနေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

   Webradio