• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘာသာမျိုးစုံဖြင့် "ရှီကျင့်ဖိန်၏ နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး ပြောဆိုခြင်း" စာအုပ် ဒုတိယအုပ်ကို ဗြိတိန်နိုင်ငံတွင် ထုတ်ဝေဖြန့်ချိ

(GMT+08:00) 2018-04-12 15:09:54

တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံး၊ တရုတ် နိုင်ငံခြားဘာသာရေးရာ ဌာနနှင့် ဗြိတိန်နိုင်ငံ ဆိုင်ရာ တရုတ်သံရုံးတို့မှ ဦးစီးကျင်းပသော ဘာသာမျိုးစုံဖြင့် "ရှီကျင့် ဖိန်၏နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး ပြောဆိုခြင်း" စာအုပ် ဒုတိယအုပ် ထုတ်ဝေဖြန့်ချိပွဲကို ဗြိတိန် နိုင်ငံ ဒေသ စံတော်ချိန် ယခုလ ၁၁ရက်နေ့က လန်ဒန်မြို့တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဗြိတိန် ဒွုတ်ဘွဲ့ခံ မင်းသား အန်ဂျူ၊ တရုတ် ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊  နိုင်ငံတော် ကောင်စီ ပြန်ကြားရေးရုံး ဥက္ကဋ္ဌ ကျန်ကျန့်ကိုတို့သည် ၄င်းထုတ်ဝေဖြန့်ချိပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြကြောင်း၊ စပိန် နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဖီလီပေ ဂွန်ဇာလက်ဇ်၊ အီတလီ ဝန်ကြီးချုပ်ဟောင်း မာရီအို မွန်တီ၊ တရုတ်၊ ဗြိတိန်နှင့် အခြား သက်ဆိုင်ရာ နိုင်ငံများမှ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရှင်နှင့် မီဒီယာ လောကများမှ ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့် ဒေသ ၁၄ခုမှ နာမည်ကျော် ထုတ်ဝေဖြန့်ချိရေး လုပ်ငန်းဌာနများမှ ကိုယ်စားလှယ်များ အပါအဝင် ၃၀၀ကျော်တို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။

၎င်းအခမ်းအနားတွင် မင်းသား အန်ဂျူက မိန့်ခွန်းပြောကြားရာ၌ ၄င်းစာအုပ်ကို ထုတ်ဝေဖြန့်ချိခြင်းသည် မှတ်တိုင်ကျသည့် အနက်အဓိပ္ပါယ် ရှိကြောင်း၊ မိမိ အနေနှင့် ယင်း သမိုင်းဝင် ကိစ္စကို ကိုယ်တွေ့မျက်မြင်ဖြစ်သည့် အတွက် အလွန် ဝမ်းသာမိကြောင်း၊ လန်ဒန် စာအုပ်ပြပွဲတွင် ၄င်းစာအုပ်ကို ထုတ်ဝေဖြန့်ချိခြင်းသည် အောင်မြင်မှု အပြည့်အဝ ရရှိရန် မျှော်လင့်ကြောင်း၊ ပိုမိုများပြားသော စာဖတ်သူများသည် ၄င်းစာအုပ်ဖတ်ရှုသည့် အတွက် ကြောင့် တရုတ်ပြည်သို့ သွားရောက် ခရီးလှည့်လည်မည်ဖြစ်သလို တရုတ်ပြည်ကို ပိုမို ကောင်းမွန်စွာ သိရှိနားလည်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

တရုတ် ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေး ရုံးဥက္ကဋ္ဌ ကျန်ကျန့်ကိုက တရုတ် ကွန်မြူနစ်ပါတီမှ ဆောင်ရွက်မှု မှန်သမျှသည် ပြည်သူများ အတွက် ချမ်းမြေ့သာယာမှု ဖန်တီးပေးရန်၊ တရုတ် အမျိုးသား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူသားတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထား ကြောင်း၊ "ရှီကျင့်ဖိန်၏ နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး ပြောဆိုခြင်း" စာအုပ်တွင် ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ် ဝိသေသထူးခြားချက်ပါ ဆိုရှယ်လစ် အတွေးအခေါ်ကို ဖော်ပြကြောင်း ပြောကြားသည်။

   Webradio