• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုအော် အာရှဖိုရမ် တက်ရောက်သူများသည် တရုတ်ပြည်၏ တံခါးဖွင့်ရေး ဆောင်ရွက်မှုသစ်များကို ချီးကျူး

(GMT+08:00) 2018-04-11 08:56:15

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၀ ရက်နေ့က ပိုအော် အာရှဖိုရမ် ၂၀၁၈ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်ပြည်၏ တံခါးဖွင့် လုပ်ငန်း တဆင့်တိုး တိုးချဲ့ရေးဆိုင်ရာ ဆောင်ရွက်မှုများကို ကြေညာခဲ့ပါသည်။ ယင်တို့အနက် ဈေးကွက်ဝင်ခွင့် ချောင်လည်ဆောင် ဆောင်ရွက်ပေးခြင်း၊ ပိုမို ဆွဲဆောင်မှု ရှိနိုင်သော ရင်းနှီးမြှုပ်နှံရေး ပတ်ဝန်းကျင် ဖန်တီးပေးခြင်း၊ ပညာ မူပိုင်ခွင့် ထိန်းသိမ်းမှု အားဖြည့်ခြင်း၊ သွင်းကုန် တိုးချဲ့ခြင်း ဘက် လေးဘက် ပါဝင်ထားသည်။ အစည်းအဝေး တက်ရောက်သော နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များသည် ယင်း ဆောင်ရွက်မှုများကို ချီးကျူး ပြောဆိုခဲ့ကြပါသည်။

ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ ဒါရိုက်တာချုပ် လာဂါဒေက၊ အထက်ပါ ဆောင်ရွက်မှုများကို အကောင်အထည်ဖေါ်ဆောင်ပါက တရုတ်နိုင်ငံသည် လွန်ခဲ့သည့် နှစ် ၄၀ အတွင်း ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး အောင်မြင်မှုရရှိသည့် အခြေခံပေါ်တွင် လာမည့် နှစ် ၄၀ အတွင်းလည်း အောင်မြင်မှုများ ဆက်လက် ရရှိမည်ဟု မိမိ ယုံကြည် ပါကြောင်း ပြောကြားပါသည်။

ပါကစ္စတန် ဝန်ကြီးချုပ် အာဘာဇီက၊ Belt and Road ကမ်းလှမ်းချက်သည် အပြန်အလှန် အကျိုးရှိစေရေး၊ အတူ စည်ပင်သာယာရေး ကမ်းလှမ်းချက် တစ်ရပ်ပင် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio