• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် Belt and Road ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး

(GMT+08:00) 2018-04-11 08:53:05

ပိုအော် အာရှဖိုရမ် ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား တက်ရောက်ခဲ့ပြီးနောက် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၀ ရက်နေ့ ညနေပိုင်းက ပိုအော်မြို့၌ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြပါသည်။ ယင်းတို့အနက် နယ်သာလန် ဝန်ကြီးချုပ်၊ ပါကစ္စတန် ဝန်ကြီးချုပ်၊ မွန်ဂိုးလီးယား ဝန်ကြီးချုပ်နှင့် ဖိလစ်ပိုင် သမ္မတတို့ ပါဝင်ပါသည်။ ၄င်းတို့သည် Belt and Road မူဘောင် အတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း ကိစ္စကို အဓိကထား ဆွေးနွေး ခဲ့ကြပါသည်။

ဖိလစ်ပိုင် သမ္မတ ဒူတာတယ်နှင့် တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က၊ လွန်ခဲ့သည့် နှစ်နှစ် အတွင်း တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှုသည် ပြန်လည် လျော့ပါးလာခြင်းမှ နေ၍ ခိုင်မာ လာခြင်းသို့ တိုးမြှင့်ကာ အဆင့် နှစ်ဆင့် ဆက်တိုက် တိုးတက်လာသည်ဟု ချီးကျူး ပြောဆိုပါသည်။

ဒူတာတယ်ကလည်း၊ ဖိလစ်ပိုင်သည် ၂၁ ရာစု ပင်လယ် ပိုးလမ်းမကြီး လက်တွဲ တည်ဆောက်ရေးတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လိုပါသည်။ တရုတ်ပြည်နှင့် လက်တွဲ ကြိုးပမ်းပြီး တောင်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်း လိုပါသည်ဟု ပြောကြားပါသည်။

   Webradio