• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်သွယ်ရေး ဆိုင်ရာ ကိုယ်ကျိုးစီးပွားရေးကို ဆန့်ကျင်သည်ဟု အင်ဒို ပညာရှင်များဆို

(GMT+08:00) 2018-04-10 15:30:47

တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် ၁၅နှစ် ပြည့်မြောက်နှစ် နှီးနှောဖလှယ်ပွဲကို ယခုလ ၉ရက်နေ့ နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

အာဆီယံ နိုင်ငံများမှ ပညာရှင်များသည် တရုတ်-အာဆီယံ ဆက်ဆံမှု၊ Belt and Road အဆိုပြုချက်နှင့် အာဆီယံ အသိုက်အဝန်း စီမံကိန်း ညီညွတ်စေရေး စသည့် အရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်-အမေရိကန် ကုန်သွယ်ရေး အငြင်းပွားမှုနှင့် ပတ်သက်၍ အင်ဒိုနီးရှား ပညာရှင်များက ကုန်သွယ်မှု စစ်ပွဲသည် အမေရိကန်၏ ဗိုလ်ကျစိုးမိုးမှု အတွေးအခေါ်ကို ရောင်ပြန်ထင်ဟပ်နေကြောင်း၊ တရုတ်ပြည်သည် ၄င်းစိန်ခေါ်မှုကို ရင်ဆိုင်နိုင်စွမ်း ရှိကြောင်း၊ သို့သော် တံခါးဖွင့်မှု ကျင့်သုံးပြီး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ကာ အတူ အောင်မြင်မှုများ ရရှိမှသာ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ် တွန်းအား ပေးနိုင်ပြီး ကမ္ဘာ့ ပြည်သူများ အတွက် ချမ်းမြေ့သာယာမှုများကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ဖော်ပြကြသည်။

   Webradio