• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မလေးရှား လွှတ်တော် ရွေးကောက်ပွဲ ကျင်းပမည်

(GMT+08:00) 2018-04-09 14:31:49

ယခုလ ၇ရက်နေ့က မလေးရှား ဝန်ကြီးချုပ် နာဂျစ်က လွှတ်တော်ကို ဖျက်သိမ်း သည်ဟု ကြေညာကြောင်း၊ ကျင်းပတော့မည့် ၁၄ကြိမ်မြောက် အထွေထွေ လွှတ်တော် ရွေးကောက်ပွဲသည် မလေးရှား သမိုင်းကြောင်းတွင် ယှဉ်ပြိုင်မှု အပြင်းထန်ဆုံး ရွေးကောက်ပွဲ ဖြစ်ပြီး မလေးရှား အတိုက်အခံ ပါတီများ ညွန့်ပေါင်းအဖွဲ့ ဖြစ်သည့် "မျှော်လင့်ချက် ညွန့်ပေါင်းအဖွဲ့" အတွက် ရွေးကောက်ပွဲ အနိုင်ရရှိရန် အတွက် နောက်ဆုံး အခွင့်အလမ်း ဖြစ်နိုင်သလို အာဏာရ ပါတီများ ညွန့်ပေါင်းအဖွဲ့ ဖြစ်သည့် "အမျိုးသား တပ်ဦး"အတွက်  လာမည့် ၁၀နှစ်မှ နှစ်၂၀အတွင်း ဆက်လက် အာဏာချုပ်ကိုင်ရန် သော့ချက်ကျသော ရွေးကောက်ပွဲ တစ်ခုလည်း ဖြစ်သည်ဟု အများက ယူဆကြကြောင်း တရုတ် သတင်းဌာနက ရေးသားဖော်ပြသည်။

အကယ်၍ "မျှော်လင့်ချက် ညွန့်ပေါင်းအဖွဲ့"နှင့် "အမျိုးသား တပ်ဦး" အကြားရှိ ယှဉ်ပြိုင်မှုသည် ဝန်ကြီးချုပ်ဟောင်း မာဟာသီယာနှင့် လက်ရှိ ဝန်ကြီးချုပ် နာဂျစ် အကြားရှိ ယှဉ်ပြိုင်မှုပင် ဖြစ်ကြောင်း၊ ယခုအကြိမ် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များသည် တကွဲတပြား ဖြစ်လာကြောင်း၊ လက်ရှိအချိန်တွင် "မျှော်လင့်ချက် ညွန့်ပေါင်းအဖွဲ့"နှင့် ယှဉ်ပြိုင်မှု၌ နာဂျစ် ဦးဆောင်သော အမျိုးသား တပ်ဦးသည် အရေးမသာတော့သည့် အခြေအနေတွင် ရှိနေသော်လည်း ၄င်းအာဏာကျင့်သုံးသည့် နှစ်များ အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေး သင့်မြတ်သာယာမှုတွင် ရရှိခဲ့သော အောင်မြင်မှုနှင့် အတွေ့အကြုံများသည် ယခုအကြိမ် ရွေးကောက်ပွဲတွင် အနိုင်ရရှိမရရှိနိုင်ရေး အတွက် သော့ချက် ဖြစ်ကြောင်း အကဲခတ်များက ယူဆကြသည်။

 

   Webradio